ကိုရီးယား ကြက်ဥပေါင်း – Korean Steamed Egg (Gyeranjjim)

Share this on:

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၃ လုံး
  • ဆားအနည်းငယ်
  • ကြက်သွန်မြိတ်
  • မုန်လာဥနီ
  • ငရုပ်သီးအနီ
  • ငရုပ်ကောင်းမှုန့်
  • နှမ်းဆီ
  • ရေ

ပြုလုပ်နည်း

  1. ကိုရီးယား ကြက်ဥပေါင်း ပြုလုပ်မည် ဆိုလျှင် ပုံတွင်ပြထားသည့် အဝကျယ် မြေအိုးလေးရှိမှ အဆင်ပြေ မှာပါ ။
  2. ပထမဦးစွာ မြေအိုး ထဲသို့ ရေသုံးချိုး တစ်ချိုး (အိုး၏ သုံးပုံပုံ တစ်ပုံစာ) ထည့်ပြီး မီးကိုမြှင့်၍ ရေဆူ လာအောင် တည်ထားပါ ။
  3. ပန်းကန်တစ်ခုထဲတွင် ကြက်ဥသုံးလုံးအား ထည့်ပြီး နာနာခေါက်ပြီး မွှေပါ ။   ဆား အနည်းငယ် ထည့်ပါ ။
  4. ကြက်သွန်မြိတ် နှင့် မုန်လာဥနီ ၊ ငရုပ်သီးအနီ တို့ကို နုပ်နုပ်စဉ်းပြီး ထည့်ပါ ။   ငရုပ်ကောင်းမှုန့် နှင့် နှမ်းဆီ အနည်းငယ်စီ ထည့်ပြီး နာနာလေး ခလောက်ပေးပါ ။
  5. ထို့နောက် မီးကို အနဲဆုံးသို့လျှော့ချ ပြီး ရေဆူနေသော မြေအိုးထဲသို့ လောင်းချကာ ဇွန်းဖြင့် ဖြေးညှင်းစွာ မကပ်စေရန် မွှေပေးပါ ။
  6. အိုးထဲမှ ကြက်ဥများ ခပ်ပျစ်ပျစ်လေး ဖြစ်လာလျှင် အပေါ်မှ အဖုံးတစ်ခု ဖုံးပြီး ၁ မိနစ်ခန့် ထားပါ ။
  7. ထို့နောက် အဖုံးအား ဖွင့်လိုက်သော အခါ ပုံတွင် ဖော်ပြ ထားသည့် အတိုင်း ပြည့်လျှံ မို့မောက်နေသည့် စားချင် စဖွယ် ကြက်ဥပေါင်းလေးအား တွေ့နိုင်ပါသည် ။
*မှတ်ချက်။ ကိုရီးယား ကြက်ဥပေါင်း အား မီးဖိုပေါ်မှ ချချခြင်း ပူပူလေး စားရပါသည် ။  အေးသွားလျှင် အောက်သို့ ပြန်ကျပြီး အိုးတွင် ကပ်သွား ပါသည် ။   ကိုရီးယား ကြက်ဥပေါင်းသည် အချို အရသာမပါ ။ သဘာဝ ကြက်ဥ အရသာ ဖြစ်၍ အချို့ မကြိုက်နှစ်သက်ကြပါ ။   ကိုရီးယားလူမျိုးများသာ အလွန် ကြိုက်နှစ်သက် ကြပါသည် ။

Credit: Z.TT

Review

User Rating

4 (5 Votes)