ငါး - Fish | ဟင်း - Curry

ငါးတန် အချဉ် ဆီပြန်

April 18, 2016

ငါးတန် အချဉ် ဆီပြန်

Share this on:

ပါဝင်ပစ္စည်းများ

  • ငါးတန်
  • ကြက်သွန်နီ
  • ကြက်သွန်ဖြူ
  • ငံပြာရည်
  • နနွင်းမှုန့်
  • ငရုတ်သီး အရောင်တင်မှုန့်
  • ဂျင်း
  • ငရုတ်သီးခြောက်
  • မကျီးသီးမှည့်
  • နံနံပင်
  • ငရုတ်သီးစိမ်း
  • မဆလာ
  • ရေ
  • ဆား
  • ဆီ

ပြုလုပ်နည်း

  1. ငါးတန် အကောင်ကို ပါးဟပ် ၊ အူ အညစ်အကြေးများ ထုတ်ပြီး ရေစင် ကြယ်အောင်ဆေး၍ ကြိုက်နှစ်သက် သလို အကွင်းလေးတွေ တုံးပါ ။
  2. ပြီးလျင် ဆား ၊ ငံပြာရည် ၊ နနွင်းမှုန့် အနည်းငယ်စီ တို့ဖြင့် နယ်ကာ နာရီဝက်ခန့် နှပ်ထားပါ ။
  3. မကျီးသီးမှည့် အနည်းငယ်ကို ရေစိမ် ထားပါ ။
  4. ရေစိမ်ထားသော ငရုတ်သီးခြောက် ၊ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ဂျင်း တို့ကို ညက်အောင် ထောင်းပြီး အိုးထဲသို့ ဆီသင့်ရုံ ထည့်ကာ နနွင်း အနည်းငယ်ဖြင့် ဆီသတ်ပါ ။
  5. ကြက်သွန်ကြော်များ ရွှေရောင် သမ်းလာပြီး မွှေးလာပါက ငရုတ်သီး အရောင်တင်မှုန့် နှင့် မဆလာ အနည်းငယ် ထည့်ပြီး မွှေပေးပါ ။
  6. ပြီးလျှင် နယ်ပြီး နှပ်ထားသော ငါးများကို ထည့်ကာ အသာမွှေပြီး ဟိုဘက် ဒီဘက် လှန်ပေးပါ ။ ငါးအသားရောင် ပြောင်းပြီး အသားများ တင်းတင်းလး ဖြစ်လာပြီ ဆိုလျှင် စိမ်ထားသော မကျည်းသီးမှည့် အရည်ကို အဖတ်များ မပါအောင် စစ်ပြီး ထည့်၍ ရေအနည်းငယ်ပါ ထပ်ထည့်ကာ ရေများ ပွက်ပွက် ဆူလာသည် အထိ တည်ထားပါ ။
  7. ရေများ ပွက်ပွက် ဆူလာပြီး ဆီပြန် လာလျှင် အပေါ့ အငံ အချဉ် မြည်းကာ နံနံပင်နှင့် ငရုတ်သီးစိမ်းများ အုပ်ကာ အရသာ ကောင်းမွန်သော ငါးတန် အချဉ် ဆီပြန် ဟင်းလေး သုံးဆောင်လို့ ရပါပြီ ။ (ကြက်သားမှုန့် ၊ အရသာမှုန့် ၊ ဟင်းချိုမှုန့် ကြိုက်နှစ်သက်ရာ နှင့် ထည့်ချက်လျှင် ထည့်ချက်လို့ရပါတယ်)
Credit: ဒေါ်ပု

Review

User Rating

5 (2 Votes)