ငါး - Fish | ဟင်း - Curry

ငါးဘတ်မွှေ

May 3, 2016

ငါးဘတ်မွှေ

Share this on:

နေပူပူမှာ အစား ပျက်သူများအတွက် အဆင်ပြေမယ့် ဟင်းလေးတခွက်ပါရှင်

ငါးဘတ်မွှေ1

ပါဝင်ပစ္စည်း

  • ငါးဘတ်
  • ဆား
  • နနွင်း
  • စပါးလင်  တပင်
  • ငံပြာရည်
  • ရေ  အနည်းငယ်
  • ကြက်သွန်နီ
  • ကြက်သွန်ဖြူ
  • ဂျင်း
  • စပါးလင်
  • အရောင်တင်မှုန့်အနည်းငယ်
  • ခရမ်းချဉ်သီး
  • နံနံပင်
  • ဆီ

ပြုလုပ်နည်း

  1. ငါးဘတ်ကို သန့်စင်ပြီး ဆား နှင့် နနွင်းနယ် စပါးလင်တစ်ပင် ထုချည်ပြီး ငံပြာရည်ထည့်ပါ ။   ပြီးနောက်   ရေအနည်းငယ် ထည့်ပြုတ်ထားပါ ။
  2. ကြက်သွန်နီ/ဖြူ ၊ ဂျင်း ၊ စပါးလင်တို့ကို ညက်ညက်ထောင်းပါ ။  အရောင်တင်မှုန့် အနည်းငယ် ထည့်ပါ ။ ခရမ်းချဉ်သီး နုတ်နုတ်စင်းပြီး နံနံပင်ကိုလည် ရိတ်ရိတ်လှီးထားပါ ။
  3. ထောင်းထားတာများကို ဆီသတ်ပါ ။  မီးအေးအေးနဲ့ မကပ်အောင် မွှေပေးပါ ။  ငါးမွှေချက်ရာမှာ ဆီသတ်တာ အရေးကြီးဆုံးပါ။
  4. ကြက်သွန်တွေ နီလာပြီး မွှေးလာရင် ငါးအရိုးနွှင်ထားတာကို ထည့်ပါ ။  ငါးပြုတ်ရည်များပါ ထည့်ပါ ။
  5. ခရမ်းချဉ်သီး ထည့်ပါ ။ ဆီပြန်သည့်အထိ မီးအေးအေးနဲ့ ချက်ပါ ။  ငံပြာရည်ကို ငါးပြုတ်ကတည်းက ထည့်ပါက ငံပြာရည်နံ့ မနံတော့ပါဘူး ။  ဆီပြန်ရင် နံနံပင်နှင့် ငရုတ်စိမ်းအုပ်ပြီး ချ၍ သုံးဆောင်နိုင်ပါသည် ။
Credit: Mi Shwe Kwett

Review

User Rating

5 (1 Votes)