ငါး - Fish | ဟင်း - Curry

ငါးဟင်းချဉ်ချဉ်စပ်စပ်လေး

June 24, 2016

ငါးဟင်းချဉ်ချဉ်စပ်စပ်လေး

Share this on:

ပါဝင်ပစ္စည်းများ

  • ငါး
  • မုန်ညင်းချဉ် (ကြံမဆိုင်)
  • ဆား
  • ငံပြာရည်
  • ဆန်အရက်
  • ကြက်သားမှုန့်
  • ကြက်သွန်ဖြူ
  • ဂျင်း
  • ငရုတ်သီးခြောက်
  • ငရုတ်ကောင်းအစေ့
  •  နံနံပင်

ပြင်ဆင်ပြုလုပ်နည်း

  1. ပထမဦးဆုံး အရိုးနည်းတဲ့ငါးတစ်မျိုးမျိုးကို အနေတော်အတုံးတုံးပြီး ဆား ၊ ငံပြာရည် ၊ ဆန်အရက် ၊ ကြက်သားမှုန့်တွေနဲ့ ရောနယ်နှပ်ထားလိုက်ပါ ။ ဆန်အရက်ထည့်တော့ ငါးညှီနံ့သိပ်မရပါဘူး ။
  2. ပြီးရင် ငါးထဲထည့်ချက်မယ့် မုန်ညင်းချဉ် (ကြံမဆိုင်)ကို အနေတော်လှီးထားပါ ။ ကြက်သွန်ဖြူ ဓားပြားရိုက် ၊ ဂျင်းပါးပါးလှီး ၊ ငရုတ်သီးခြောက် တိုတိုလှီး (သို့) ငရုတ်သီးအခြောက်မရှိရင် ငရုတ်သီးစိမ်းလည်းရတယ် ။ ငရုတ်ကောင်းအစေ့ ကို မညက်တညက် ထောင်းထားပါ ။
  3. ပြီးရင် ဆီအိုးတည် ၊ ဆီနည်းနည်းထည့်ပြီး ကြက်သွန်ဖြူ ၊ ဂျင်း ၊ ငရုတ်သီးခြောက် ၊ ငရုတ်ကောင်းစေ့တွေကို အိုးအပူခဏပေးလိုက်ပြီး  မုန်ညင်းချဉ်ထည့်ပါ ။ ခဏကြော်ပြီးရင် ရေထည့်ပြီး မုန်ညင်းချဉ်ကို သူ့အချဉ်ရည်ထွက်တဲ့အထိ တည်ထားလိုက်တယ်။
  4. နောက်ဆုံးမှာ နှပ်ထားတဲ့ ငါးတွေထည့်လိုက်ပါ ။ ရေလိုရင် ရေထပ်ထည့်ပါ ။ အပေါ့အငန်မြည်းပြီး အိုးချခါနီးမှာ   ကြက်သွန်မြိတ် (သို့) နံနံပင်လေးအုပ်ပြီး ချဉ်ချဉ်စပ်စပ် ငါးဟင်းတစ်ခွက်ရပါပြီ ။
Credit: Original post

Review

User Rating

3.6 (7 Votes)