ခေါက်ဆွဲ - Noodle Dishes | ပုဇွန် - Prawn | အကြော် - Fried

စပါဂတီ ခေါက်ဆွဲနှင့် ပုစွန်အစပ်ကြော်

August 2, 2016

စပါဂတီ ခေါက်ဆွဲနှင့် ပုစွန်အစပ်ကြော်

Share this on:

ဒီခေါက်ဆွဲကြော် ပုံမျိုးကို ထိုင်းနိုင်ငံ စားသောက်ဆိုင်တွေမှာ အများဆုံး တွေ့ရပါတယ် ။ သူတို့ရိုးရာနဲ့ အနောက်တိုင်း ပုံစံကို Mixed Creation လုပ်ကြတဲ့ သဘောပါ ။  အနောက် နိုင်ငံများက ထိုင်းနိုင်ငံမှာ စားဖိုမှုးလာလုပ် ကြတဲ့အခါ ဒီလိုဟင်းပွဲတွေကို အများဆုံး ဆန်းသစ်ကြတယ်လို့ ထိုင်းနိုင်ငံထုတ် အစားအသောက် မဂ္ဂဇင်းတစ်စောင်မှာ မှတ်သားရဖူး ပါတယ် ။

ပါဝင်ပစ္စည်းများ

  • စပါဂတီ ခေါက်ဆွဲ - ၂၀၀ ဂရမ်
  • ပုစွန်အသေး - ၅ ကောင်ခန့်
  • ကြက်ဥ - ၁ လုံး
  • ကြက်သွန်ဖြူ - ၂ တက်
  • ငရုတ်သီးစိမ်း အနီ - ၅ တောင့်ခန့်
  • ထိုင်းပင်စိမ်းရွက် - ၁၀ ရွက်ခန့်
  • ငရုတ်ကောင်းမှုန့် - အနည်းငယ်

ပြုလုပ်နည်း

  1. စပါဂတီ ခေါက်ဆွဲကို ပြုတ်ပြီး ရေစစ် ၊ ရေအေးလောင်းပြီး အအေးခံထားပါ ။
  2. ကြက်သွန်ဖြူ နှင့်ငရုတ်သီးနီ ကိုညှက်နေအောင် ထောင်းပါ ။
  3. ပုစွန်ကို အမြီး ချန်ပြီး အခွံခွာထားပါ ။ ပင်စိမ်းရွက် တွေကို အရွက်ခြွေထားပါ ။
  4. ဒယ်အိုး တစ်လုံးမှာ ဆီအနည်းငယ်ကို အပူပေးပြီး ထောင်းထားတဲ့ ကြက်သွန်ဖြူ နှင့်ငရုတ်သီး အရောကို ဆီသတ်ပါ ။
  5. အခွံ ခွာထားတဲ့ ပုစွန်တွေ ထည့်ကြော်ပါ ။ အနည်းငယ် ကျက်သွားတာနဲ့ ကြက်ဥ ၁ လုံး ဖောက်ထည့်ပြီး မွှေပေးပါ ။
  6. ရေစစ်ထားတဲ့ စပါဂတီ ခေါက်ဆွဲ ထည့်ကြော်ပါ ။
  7. ငါး ငံပြာရည် (သို့) ပဲငံပြာရည် ၊ သကြား ၊ ခရုဆီ ၊ ကြက်သားမှုန့် အနည်းငယ် တို့ဖြင့် အရသာသွင်းပါ ။
  8. ပင်စိမ်း ရွက်တွေ ထည့်မွှေပါ ။ ငရုတ်ကောင်းမှုန့် လေးဖြူးပေးပါ ။
Credit: ဟင်းချက်နည်းများ

Review

User Rating

5 (2 Votes)