ပုဇွန် ငါးဆုပ်ကြော်

Share this on:

ပုဇွန် ငါးဆုပ်ကြော်.1

ပုဇွန် ငါးဆုပ်ကြော်.2

ပါဝင်ပစ္စည်းများ

  • ပုဇွန်ဘော့ချိတ်
  • ဆား
  • ကြက်သွန်ဖြူ
  • ကြက်သွန်နီ
  • ဂျင်း
  • ငြုတ်စိမ်းမူန့်
  • သကြား.
  • ကြက်သားမူန့်.
  • ငြုတ်ကောင်းမူန့်
  • ကြက်ဥတလုံး
  • ပုဇွန်ထောင်း
  • ယိုးဒယားမယ် အကြော်မူန့် တထုပ်
  • ရေ
  • ဆီ

ပြုလုပ်နည်း

  1. ခုလုပ်ထားတာ ပုဇွန် ဘော့ချိတ်လေးတွေကို အခွံအကုန် ချွတ်ပြီး ဆား နယ်ပြီး မညက်တညက် ထောင်းထားတာပါ ။ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ ဂျင်း ၊ ငြုတ်စိမ်းမူန့် ညက်ညက်ထောင်းကို ဆား ၊ သကြား ၊ ကြက်သားမူန့်. ၊ ငြုတ်ကောင်းမူန့် ၊  ကြက်ဥတလုံး ၊  ပုဇွန်ထောင်း နှင့် ယိုးဒယားမယ် အကြော်မူန့် တထုပ်ကို ရေနဲနဲနဲ့ သမအောင် အားလုံးရောနယ်ပါ။
  2. ဒယ်အိုးထဲတွင် ဆီများများထည့်ပြီး ဆီပူရင် မီးအေးအေးနဲ့ ပုဇွန်နယ် ထားတာတွေကို ဇွန်းလေးနဲ့ ခတ်ခတ်ပြီး ဆီပူထဲ ထည့်ကြော်ပြီး အညိုရောင် သန်းရင် ဆယ်လို့ ရပါပြီ ။
  3. အတွင်းထဲပါ ကျက်အောင် မီးအေးအေးနဲ့ ကြော်ပါ ။မီးပြင်းရင် အပြင်ဘက် ကျက်ပြီး ၊  အတွင်း မကျက်ဘဲ နေပါမယ် ။ပင်လယ် ပုဇွန်ခေါင်းဖြုတ်တွေ ရရင် ကြော်စားရင် ပိုစားကောင်းပါတယ် ။  အချဉ်ရည်နဲ့ သီးရွက်လေးတွေနဲ့ တွဲစားရ်ျ ကောင်းပါတယ် ။
Credit: Ohnmar Kyi

Review

User Rating

0 (0 Votes)