အသား၊ ငါးတွေပဲစားနေရလို့ ညည်းငွေ့နေကြပြီလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် ပုစွန်ကြော်ချက်လေး ချက်စားကြရအောင်။ အရမ်းလဲအရသာရှိပြီး ချက်ရတာလည်း အချိန်မကုန်၊ မပင်ပန်းဆိုတော့ အကောင်းဆုံးပဲပေါ့။

ပါဝင်ပစ္စည်းများ

ပုဇွန်

ဆား

ဆနွင်း

ဆီ

ကြက်သွန်ဖြူ

ကြက်သွန်နီ

ပုဇွန်ငံပြာရည်

အချိုမှုန့်

ငရုတ်သီးစိမ်း

ပြုလုပ်နည်း

ပုဇွန်များကို သန့်စင်ပြီး ဆား ၊ ဆနွင်း နယ်ထားပါ။

အိုးထဲ ဆီထည့်ပါ ၊ ကျက်တော့ ဆနွင်းထည့်ပြီး ကြက်သွန်ဖြူ နီ ကြော်ပါ။

ကျက်တော့ ပုဇွန်ငံပြာရည် ထည့်ပြီး ပုဇွန်များ ထည့်ပါ။

အချိုမှုန့်ထည့် ၊ တပတ်မွှေပြီး အဖုံးပိတ်ထားပါ။

ရေကုန်တော့ ငရုတ်သီးစိမ်း အနဲငယ် ထည့်ပါ အချိုငံမြည်း သုးံဆောင်နိုင်ပါသည်။

Credit: Daw Suu Suu