ဖတ်ကာလှလေး မုံညင်းပေါင်း

Share this on:

ဖတ်ကာလှလေး..မုံညင်းပေါင်း

ပါဝင်ပစ္စည်းများ

  • မုံညင်းနု
  • ခရမ်းချဉ်သီး
  • ဆား
  • ဟင်းချို မှုန့်
  • မြေပဲဆံစိမ်း (လှော်ထောင်းထားပါ)
  • ပဒေကော
  • နံနံပင်
  • ရွှေလိပ်ပြာ အကြော်မှုန့်

ပြုလုပ်နည်း

  1. မုံညင်းကို ရေဆေးပြီး စစ်ထားပါ ။ ခရမ်းချဉ်သီး ၊ ဆား ၊ နံနံ ၊ ဟင်းချို မှုန့် ၊ ရွှေလိပ်ပြာ အကြော်မှုန့် ၊ ပဒေကော ၊ မြေပဲဆံစိမ်းထောင်း ထည့်နယ်ပြီး ငှက်ပျောဖက်ထဲ ထည့်ထားပါ ။
  2. မိနစ် ၄၀ လောက်ပေါင်းရင် ရပါပြီ ။ စားခါနီးမှာ မုံညင်းပေါင်းပေါ် နံနံ ၊ ပဒေကော ၊ မြေပဲဆံစိမ်းလှော်ထောင်း ဖြန်းပြီးစားလို့ ရပါတယ် ။
  3. ပဲပုပ်မီးကင်ထောင်းလည်း ပါသေးတယ်နော် ။
Credit: Phyu Phyuhnin

Review

User Rating

0 (0 Votes)