ရှမ်း - Shan | ဟင်းသီးဟင်းရွက် - Vegetables | အပေါင်း - Steamed

မူဆွန်း (သို့) အော်ဆွန်းသုပ်

June 23, 2016

မူဆွန်း (သို့) အော်ဆွန်းသုပ်

Share this on:

မူဆွန်း (သို့) အော်ဆွန်းသုပ်

ပါဝင်ပစ္စည်းများ

  • မူဆွန်း - ၄ ခု ( ခပ်သေးသေး ခြစ်၍ ရေစိမ်ထားပါ )
  • မုံလာဥနီ - ၁ ခု ( ခပ်သေးသေး ခြစ်၍ ရေစိမ်ထားပါ )
  • မြေပဲဆံ ( လှော်ထောင်းထားပါ )
  • ထိုင်းပဲကြာဇံ ( ရေနွေးစိမ်ထားပါ )
  • ကြက်သွန်ဖြူ
  • ငြုပ်သီးစိမ်း
  • နံနံပင် ( နုတ်နုတ်လှီးထားပါ )
  • ထိုင်းငြုပ်စော့စ်
  • ဆား
  • သကြား
  • ဟင်းချိုမှုန့်
  • ရှာလကာရည် (သို့) သံပုရာသီး
  • နှမ်း

ပြုလုပ်နည်း

  1. မူဆွန်း ၄ခု နဲ့ မုံလာဥနီ ၁ခု အခွံခွာ ၊ သေးသေးခြစ်ပြီး ရေစိမ်ထား ၊ ပိုကျွတ်တယ် ။
  2. မြေပဲဆံ လှော်ထောင်း ၊ ထိုင်း ပဲကြာဇံ ရေနွေးစိမ်ထားပါ ။
  3. အချဉ်အတွက် ပန်းကန်လုံးထဲ သံပုရာသီး (သို့မဟုတ်) ရှာလကာရည် ၊ ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်း ၊ ဆား ၊ ဟင်းချိုမှုန့် ၊ နံနံပင် ၊ နှမ်း ၊သကြား နဲနဲဖျော်ထားပါ ။
  4. မူဆွန်းကို ရေစစ် ထားပါ ။ စားခါနီးမှာ ပန်းကန်ပြားထဲကို မူဆွန်း ၊ မုံလာဥနီ ၊ ကြာဇံ အပေါ်ကနေ မြေပဲဆံ ၊ အချဉ်ဖျော်ထားတာကို လောင်းထည့်ပြီး သုပ်ပါ ။ နံနံပင် ထပ်ထည့်နိုင် ပါတယ် ။
  5. အချဉ်ရည် အတွက် ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်း ၊ နံနံပင်တို့ကို နုတ်နုတ်လှီးထားပါ ။  
  6. ထိုင်းငရုတ်စော့ ၊ ဆား ၊ သကြား ၊ ဟင်းချိုမှုန့် ၊ ရှာလကာရည် (သို့) သံပုရာသီး ညှစ်ပြီး အားလုံးကို ရောဖျော်ထားပါ ။
  7. စားခါနီးမှာ ပုံတွင် ပြထားတဲ့ အတိုင်း မူဆွန်း ပေါ်ကနေ လောင်းထည့် လိုက်ပါ ။ အချဉ်ရည်ထဲ နှမ်းပါ ထည့်ပါတယ် ။
Credit : Phyu Phyuhnin

Review

User Rating

0 (0 Votes)