ဝက်သား - Pork

ဝက်အူချိုပြုတ်

April 27, 2016

ဝက်အူချိုပြုတ်

Share this on:

ဝက်အူချို ပြုတ်နည်းလေး ပြောပြပါမယ် ။  ဝက်အူချိုကို ဝယ်ရင် အတွဲလိုက် ဝယ်ပါ ။
အတုံးများ မတုံးပါနဲ့ တုံးပြီးမှ ချက်ရင် နူးရန် ကြာလို့ပါ ။

ပုဇွန် ငါးဆုပ်ကြော်.1

ပုဇွန် ငါးဆုပ်ကြော်.2

ပါဝင်ပစ္စည်းများ

  • ဝက်အူချို
  • ဝက်သုံးထပ်သား
  • ဆား
  • ရှာလကာရည်
  • ရေ
  • သကြား
  • ကြက်သားမူန့်
  • ပဲနောက်ရည်
  • ပဲအကြည်ရည်
  • ဂျင်း
  • ကြက်သွန်ဖြူ
  • နာနတ်ပွင့်
  • စမုံစပါး
  • ဆီ
  • ငြုတ်ကောင်းမူန့်
  • အချဉ်ရည်
  • ကြက်ဥပြုတ်

ပြုလုပ်နည်း

  1. အူချို အတွဲလိုက်ကို ဆားနဲ့ ရှာလကာရည် ထည့် နာနာနယ်ပြီး ရေနဲ့ ဆေးချပါ ။
  2. ရေဆေးပြီးတဲ့ အူချိုများကို ပြုတ်မည့်အိုးထဲ ထည့် ၊ သကြား ၊  ကြက်သားမူန့် ၊  ပဲနောက်ရည် ၊ ပဲအကြည်ရည် ၊  ဂျင်း ကြက်သွန်ဖြူ ထုထည့် ၊ နာနတ်ပွင့်နဲ့ စမုံစပါး နဲနဲထည့် ဆီနဲနဲထည့် ၊ ရေမြုပ်အောင် ထည့်ပြီး နူးအောင်ပြုတ်ပါ ။
  3. ဝက်သုံးထပ်သား ပါ ထည့်ပြုတ်ပါ ။
  4. နူးပြီး ဆီပြန်ခါနီးမှ အရသာ မြည်းပြီး ငြုတ်ကောင်းမူန့် ဖြူးပါ ။  ဒါဆို ဘာညှီနံ့မှ မရဘဲ မွှေးနေပါတယ်
  5. နူးပြီး ဆီပြန် ၊ အရောင် ရဲလာရင် အတွဲလိုက် ဘန်းထဲထည့် အအေးခံပြီးမှ အူချို အတွဲကို ကြိုက်သလို ကပ်ကြေးနဲ့ညှပ် အချဉ်ရည်နဲ့တို့စားပါ ။
  6. ကြက်ဥကိုပြုတ် အခွံခွာပြီး အူချို ဆီကျန်ရေကျန် အချိန်မှာ ကြက်ဥပြုတ်တွေ ထည့် လှိမ့်ပြီး ညိုရောင် သန်းရင် ဆယ်ပြီး လေးခြမ်းစိတ်ပြီး ထည့်ပါ ။
Credit: Ohnmar Kyi

Review

User Rating

5 (2 Votes)