အချိုပွဲ - Desserts | မြန်မာမုန့်များ - Myanmar Desserts

သုံးရောင်ချယ်သစ်သီးစုံ နို့စိမ်းကျောက်ကျော

May 27, 2016

သုံးရောင်ချယ်သစ်သီးစုံ နို့စိမ်းကျောက်ကျော

Share this on:

ပါဝင်ပစ္စည်းများ

  • ကျောက်ကျော - ၅၀ဂရမ် (တယ်လီဖုန်း တံဆိပ် အထုပ်ကြီးတစ်ထုပ်)
  • ရေနို့ဆီခွက် - ၈ခွက်
  • နို့စိမ်း - ဗူးကြီး၂ဗူး
  • နို့ဆီ - ၁ဗူး
  • သကြား - ၃၀သားခန့်
  • ဆား

ပြုလုပ်နည်း

  1. တယ်လီဖုန်း တံဆိပ် ကျောက်ကျောအထုပ်ကြီးတစ်ထုပ်ကို ရေနို့ဆီခွက်နဲ့ ၈ခွက် ၊ နို့စိမ်း ဗူးကြီး၂ဗူး ၊ နို့ဆီ ၁ဗူး ၊ သကြား ၃၀သားခန့် ၊ ဆား အနည်းငယ်တို့ အားလုံးကို ရောစပ်ပြီး သမအောင်မွှေပြီး ၃အိုးခွဲပါ ။
  2. တစ်အိုးချင်းစီကို မိမိနှစ်သက်ရာ အရောင်းတမျိုးစီထည့်ပြီး မီးဖိုပေါ်တင်ပြီး တစ်အိုချင်း ပထမအိုးကို မီနစ်၂၀ခန့်ကျိုပြီး ဗန်းထဲလောင်းထည့်အအေးခံကာ ဒုတိယအိုးကို မီနစ်၂၀ဆက်ကျိုပြီး ပထမအိုပေါ်သို့ ထပ်လောင်းထည့်ပါ။ တတိယအိုးကို မီနစ်၂၀ခန့်ဆက်ကျိုပြီး ဒုတိယအိုပေါ် ထပ်လောင်းထည့်ပါ ။ အအေးခံပြီး မိမိနှစ်သက်သလို လှီးဖြတ်စားသုံးနိုင်ပါပြီး ။
Credit: Thida Lay Lay

Review

User Rating

2.5 (18 Votes)