အမဲသားလုံးကြော်

Share this on:

beef fried

beef fried c

ပါဝင်ပစ္စည်းများ

  • အမဲသားစင်းကော
  • ပူစီနံ
  • ကြက်သွန်ဖြူ
  • ဂျင်း
  • ငရုပ်သီးစိမ်း
  • ကြက်သွန်နီ
  • ဆား
  • ဆနွင်း
  • အချိုမှုန့် (သို့) အသားမှုန့်
  • ဇီယာမှုန့်
  • နံနံစေ့မှုန့်
  • ငရုပ်ကောင်းမှုန့်
  • ဂျုံမှုန့်
  • ဆီ

ပြင်ဆင်ပြုလုပ်နည်း

  1. အမဲသားစင်းကော ၊ ပူစီနံ ၊ ကြက်သွန်ဖြူ ၊ ဂျင်း ၊ ငရုပ်သီးစိမ်း ထောင်းပါ ။
  2. ကြက်သွန်နီကို စိတ်စိတ်လေး လှီးပါ ။ ဆား ၊ ဆနွင်း ၊ အချိုမှုန့် ၊ ဇီယာမှုန့် ၊ နံနံစေ့မှုန့် ၊ ငရုပ်ကောင်းမှုန့် အားလုံးကို ရောပြီး နယ်ပါ ။ နယ်ရင်း ဂျုံမှုန့် အနည်းငယ်ပါ ထည့်နယ်ပါ ။
  3. နှယ်ပြီး စီးလာရင်တော့ လက်ပြန်ဆေးပြီး သင့်တော်ရုံ အလုံးကို လက်နှစ်ဖက်နဲ့ ဟိုဘက်ဒီဘက်ပြစ်ပြီး ကျစ်ကျစ်လေးရအောင် လုံးပါနော် ။
  4. ကြော်မည့် အိုးထဲကို စီပြီးထည့် ၊ ဆီပါတခါထည်းထည့် ၊ ရေကိုသင့်ရုံမမြုတ်တမြုတ်ထည့်ပြီး မီးအလယ်အလတ်နဲ့ တည်ပါ ။   ရေခန်းလာရင် ရဲရဲလေးဖြစ်အောင် ဟိုဖက်ဒီဘက် လှန်ပေးပါ ။ ရဲရဲလေးဖြစ်ရင်တော့ ဆယ်လို့ရပါပြီ ၊ အိုးထဲမှာ ဆီရေလေးနဲ့ ထားချင်လဲ ရပါတယ် ၊ ဆီရေလေးနဲ့ ထမင်းပူပူလေးနဲ့နယ်ပြီး စားရင်လဲ အလွန်စားကောင်းပါတယ် ။ အနံ့အရသာနဲ့ ပြည့်စုံတဲ့ အသားလုံးကြော် ရပါပြီ ။
Credit: မနီ(နော်ဝေး)

Review

User Rating

0 (0 Votes)