အာလူးပဒေါင်ချက်

Share this on:

အာလူးပဒေါင်ချက် နည်းလေး ရေးပေးမယ်ဆိုတာမေ့နေလိုက်တာ..

အာလူးပဒေါင်ချက်1

အာလူးပဒေါင်ချက်2

အာလူးပဒေါင်ချက်3

ပါဝင်ပစ္စည်းများ

  • အာလူး
  • မက်ခါသီး
  • ကြက်သွန်ဖြူ
  • ကြက်သွန်နီ
  • ငရုတ်သီးစိမ်း
  • ဆီ
  • ဆား

ပြုလုပ်နည်း

  1. အရင်ဆုံး အာလူးကို ပြုတ် ၊  အခွံနွှာပြီး ထောင်းထားပါ ။
  2. ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ ငရုတ်သီးစိမ်း ကို ထောင်းပြီး ဆီသတ်ပါ ။  (မက်ခါသီး ရှိရင်ထည့် ၊ မရှိရင် မထည့်လည်း ရသည် ။)
  3. ဆီသတ်လို့ ရွှေရောင်သန်း လာရင် အားလူးထောင်းကို ထည့်ကြော်ပါ ။ ( အာလူးက ဆီစုပ်လို့  ၊ ဆီတော့ များများ ထည့်ရပါတယ် ။)
  4. အာလူးထောင်းထည့် ၊ မွှေပြီးလို့ ဆီနဲနဲ ပြန်လာရင် ဆား ထည့်ပါ ။
  5. ဆီပြန်အောင် ၊ နဲနဲခြောက်အောင် ၊ ကြော်ပြီးရင် မွှေးပျံ့နေတဲ့ သက်သတ်လွတ် အာလူးပဒေါင်ချက် ရပါပြီ ။
Credit: Sukhita Chaw

Review

User Rating

0 (0 Votes)