မီးဖိုချောင်သုံးပစ္စည်းများ - Kitchen Utensils

*အားလုံးတွက် ရင်ခုန်စရာမီးဖိုချောင်း သုံး ပစ္စည်း များအကြောင်း – (Benefits of using Bamboo Utensils or Wooden)

March 20, 2016

*အားလုံးတွက် ရင်ခုန်စရာမီးဖိုချောင်း သုံး ပစ္စည်း များအကြောင်း – (Benefits of using Bamboo Utensils or Wooden)

Share this on:

အားလုံးတွက် ရင်ခုန်စရာ မီးဖိုချောင်း သုံး ပစ္စည်း များအကြောင်း – (Benefits of using Bamboo Utensils or Wooden)
မီးဖိုချောင် အသုံးအဆောင် ပစ္စည်းများ ကို သစ်သား နဲ့ ပြုလုပ်ထားသော ပစ္စည်းများကို သုံသင့်သလား ၀ါးဖြင့် ပြုလုပ်ထားသော ပစ္စည်းများကို သုံးသင့်သလား ဆိုတာလေး တွေ ဇဝေဇ၀ါ ဖြစ်နေပါသလား?   သစ်သား နဲ့ ၀ါး က ဘယ် ပစ္စည်းက ပိုပြီး ကျမ်းမာ ရေးနဲ့  ညီညွတ် လဲဆိုတာ မျိုးတွေ ကမ္ဘာတစ်ဝန်းမှာ အငြင်းပွားမှုတွေ လဲရှိကြပါတယ် ။  ဒါပေမယ့် နှစ်ခုလုံးကတော့ နှစ်ပေါင်းများစွာ ကြာမြင့်ထဲက အကောင်းဆုံး အသုံးပြု ပစ္စည်းများ ဖြစ်ခဲ့တာကတော့ အမှန်ပါ ။ အဲဒါကြောင့် ကိုယ့်အတွက် အကောင်းဆုံး နဲ့  အသင့်တော်ဆုံး သစ်သားလား ၊ ၀ါးလား ဆိုတာကို ဆုံးဖြတ်ဖို့  ခဲယဉ်းနေရင်တော့ အားလုံးဖတ်ပြီးမှပဲ ဆုံးဖြတ်တော့နော် ။

ဘာကြောင့် သစ်သား နဲ့ ၀ါး မီးဖိုချောင် အသုံးအဆောင် ပစ္စည်းများ ကို အသုံးပြု သင့်သလဲဆိုရင် – သစ်သား ကိုဘာကြောင့် တချို့က ကြိုက်ပြီး အသုံးပြုကြသလဲ ဆိုတာလေးကို အရင်လေ့လာကြရအောင် ။  သစ်သား အသုံးဆောင် ပစ္စည်းများ ကတော့ နှစ်ပေါင်းများစွာထဲက ကမ္ဘာ တစ်ဝန်း လူသုံးများခဲ့သလို ပုံစုံအမျိုးမျိုးလဲ ထွက်ရှိပြီး ဈေးလဲ သက်သာ တာကြောင့် အိမ်ရှင်မ အများစုရဲ့ လက်စွဲဖြစ်ခဲ့ပါတယ် ။  B.C 250 ခုနှစ်လောက်ထဲ ကနေ အသုံးပြုလာသော ပစ္စည်းလဲဖြစ်ပါတယ် ။  Walesနိုင်ငံမှာ အချစ်ရဲ့ သက်သေ သင်္ကေတ အဖြစ်နဲ့ သစ်သားနဲ့ လုပ်ထားတဲ့ မီးဖိုချောင်သုံး အသုံးအဆောင်ပစ္စည်းများ နှင့် ယောင်းမ ၊ ဇွန်း များ ကို လက်ဆောင် ပေးတတ်ကြပါတယ် ။   စီးပွားရေး လုပ်ငန်း ရှင်တွေ အတွက် နဲ့  အသုံးပြုသူတွေ အတွက် နှစ်ဘက်လုံးနဲ့ လဲ သင့်တော်သော ဈေးနှုန်းနဲ့ ရောင်းချ ၀ယ်ယူလို့  ရတာကြောင့် အားလုံး ကြိုက်နှစ်သက်ကြပါတယ် ။  ပုံစံအရွယ် အသေးအကြီး ပေါ်မူတည်ပြီး ဈေးကွာ ချားပေမယ့် အသုံးပြုသူတွေအတွက်လဲ ဈေးနှုန်းချိုသာတာရယ် အလွယ်တကူ ၀ယ်ယူလို့ရတာကြောင့် အသုံးများကြပါတယ် ။

Screen Shot 2016-03-20 at 11.32.21 pm

ကျန်းမာရေး ရှုဒေါင့် ကနေ ကြည့်မယ် ဆိုရင်တော့ သစ်သား နဲ့ ဟင်းများ မွှေခတ်ရာမှာ ပိုးမွှားများ ဇွန်းမှာ ကပ်နေလား ဆိုတာမျိုး တွေးပူစရာတော့ သိပ်မလိုပါဘူး ။  သစ်သား က သဘာဝ အလိုအလျှောက် ဗက်တီးရီးယားပိုး များကို ဆန့်ကျင် တိုက်ခိုက် ကာကွယ်ပေး  ပါတယ် ။  သဘာဝ သစ်ပင်မှ ရရှိသော သစ်သားနဲ့ ပြုလုပ်ထား သော သစ်သားဇွန်းများ မှာ အစားအစာ များကိုအလွယ်တကူ မကပ်စေပါ။ ချက်ပြုတ် တဲ့အခါမှာ သစ်သား နဲ့ အသုံးပြုလို့ ရရှိတဲ့ ကောင်းကြိုးလေးတွေ ကတော့ အိုး ၊ ဒယ်အိုး များ ကို မွှေတဲ့အခါ ခြစ်ရာများ မထင်စေသလို ၊ မွှေနေရင်း နဲ့ လက်ကိုင် ကိုလဲ အပူ ရောက်အောင် ထိန်းပေးတာကြောင့် အိမ်ရှင်မများတင်မက စာဖိုမှုးကြီးများ လဲ ကြိုက်နှစ်သက် အသုံးပြု ကြပါတယ် ။  ဒါပေမဲ့ ကမ္ဘာ့ သဘာဝ ထိန်းသိမ်း စောက့်ရှောက်ရေး အဖွဲ့ ရဲ့ ပြောချက်အရ ဆိုရင်တော့ ဒီလို သစ်သား အသုံးဆောင်ပစ္စည်း များ ပြုလုပ်ဖို့အတွက် သစ်ပင်များ လစဉ် ခုတ်ဖြတ်ရခြင်းအတွက် သစ်တောများ ပြုန်းတီးစေပါတယ် ဆိုပြီး သစ်သား အသုံးဆောင် ပစ္စည်းများ ကို အသုံး မပြုကြဖို့တော့ နိုးဆော် နေတာကို ပြုလုပ်နေကြပါတယ် ။  စိမ်းလန်းစိုပြေပြီး သဘာဝ အလှကို မြတ်နိုး တန်ဖိုးထား သူများ အတွက် ကတော့ သစ်သား အသုံးအဆောင်ပစ္စည်းများ ကို အသုံးမပြုဖို့ ကန့်ကွက်ကြပါတယ် ။

သစ်သား အသုံးအဆောင် ပစ္စည်းများ အသုံးပြုရာမှာတော့ သတိထားရမဲ့ အချက်လေးတွေ ကတော့ သစ်သားစများ ပဲ့နေလား ပဲ့နေတယ် ဆိုလျှင် ဟင်းပွဲ တွေထဲ ပါသွားနိုင်ပါတယ် ။  ကိုယ်မွှေမဲ့ ဟင်းက အိုးကြီးပြီး စီးကပ်သော အရာဆို လျှင် သစ်သား ကျိုးနိုင်တာ ကြောင့်ပါ ။ သစ်သား နဲ့ ဟင်းတွေ မွှေတဲ့ အခါ မှာ သတိထား မိကြမှာပါ ။  အလွယ်တကူ အရောင်တွေ စွမ်းတင်နိုင်ပါတယ် ။  ဆေးကြောလျှင်လဲ အလွယ်တကူ မပြောက်နိုင်တော့ ဟင်းချက် ရင် အရောင်စွန်း နေတဲ့ သစ်သားဇွန်းကို သုံးရမှာ မသန့်သလိုမျိုး ညစ်ပတ်နေသလိုမျိုး ခံစား နေရမှာ အမှန်ပါ ။

သစ်သားဇွန်း နဲ့ သုံးရခြင်း ကောင်းကြောင်းလေးနဲ့  ဆိုးကြောင်းလေးကို သိသွားပြီဆိုတော့ ၀ါး နဲ့ ပတ်သက်တာလေး ကို ထပ်လေ့လာ ကြည့်ကြရအောင် ။  ကမ္ဘာ သဘာဝ ထိန်းသိမ်းရေး ရဲ့ စုဆောင်း ထားတဲ့ အချက်အလက်တွေ အရ ဆိုရင် လူအများစုက အခုဆိုလျှင် ၀ါး နဲ့ ပြုလုပ်ထားသော အသုံးအဆောင် ပစ္စည်းများကို အများဆုံး ဦးစားပေး အသုံးပြုလာကြောင်း သိရှိရပါတယ် ။  ၀ါးက သစ်သား ထက် ပိုမို မြန်ဆန်စွာ အစားထိုး စိုက်ပျိုးနိုင်တာကြောင့် ကမ္ဘာသစ်တောများ ပြုန်းတီးရေးကို ကာကွယ်ပေးတာကြောင့် ၀ါးကိုပဲ ပြောင်းလဲ သုံးသင့်   ပါတယ် ။   ၀ါး ပင်ဟာ တစ်ကယ်တော့  မြက်ပင် အရှည်မျိုးပါ ။   ၃-၅ နှစ် အတွင်းမှာ အရှည် က ပေ ၆၀ လောက်ရှိ ပြီး တစ်နေ့ ကို ၆ ပေ လောက်ထိ ရှည်ထွက် တတ်ပါတယ် ။  သူ့ရဲ့ အမြစ်ပွား လေးတွေ ရှိတာကြောင့် ၀ါးပင် တစ်ပင်ခုတ် ပြီးလျှင် နောက်တစ်ပင် ထပ်စိုက်စရာ မလိုပဲ သဘာဝ ၀ါးဆို့ (မြစ်ဆို့) ထွက်လာကာ ၀ါးပင်ပေါက်ကြီး တဖြည်းဖြည်း ကြီးထွားလာပါတယ် ။

Screen Shot 2016-03-20 at 11.30.30 pm

ဝါး နဲ့ ပြုလုပ်ထား သောပစ္စည်းများဟာ ကြာရှည်ခံသလို ခိုင်ခံမှုလည်း ရှိပါတယ် ။   ၀ါး က သူ့အလိုလို ဆွေးမြေ့ သွားနိုင်ပြီး သဘာဝကို ထိခိုက် နိုင်စေတာ မျိုးတွေလဲ မဖြစ်တတ်ပါဘူး ။   ၀ါးပင် စိုက်ပျိုးရာ မှာ ပိုးသတ်ဆေး သုံးစရာ မလိုတာကြောင့် ၀ါးနှင့် ပြုလုပ်ထား သော မီးဖို ချောင်းသုံး ပစ္စည်းများကို အန္တာရယ် ကင်းစွာ အသုံးပြုနိုင်ပါတယ် ။  ၀ါးဖြင့် ပြုလုပ်ထားသော ယောင်းမ ၊ ဇွန်း နှင့် တခြား သော မီးဖိုချောင်းသုံးပစ္စည်း များ မှာ ပေါ့ပါးပြီး သန့်ရှင်းရေး လုပ်ရာမှာလဲ လွယ်ကူပါတယ် ။   ၀ါး ယောင်းမ ၊ ဇွန်း များ လဲ ဒယ်အိုး၊ အိုး များကို ခြစ်ရာ မထင်စေပါဘူး ။   အသုံး ပြုပြီးတိုင်း သေချာဆေးကြောမယ် ၊ အခြောက်ခံထား မယ် ဆိုလျှင် ပုံစံ မပျက် ကြာရှည် ခံပါတယ် ။   ၀ါး ကို ကျန်းမာရေး နှင့် ညီညွတ်စွာ အသုံးပြုနိုင်ဖို့ နဲ့ သူ့ရဲ့ ကောင်းကြောင်းလေး တွေ ကို မကြာသေးခင် နှစ် အနည်းငယ် လောက်ကမှ လူအတော် များများ သိရှိလာတာကြောင့် အခုဆို လျှင် ၀ါး နဲ့ ပြုလုပ်ထား သော ယောင်းမ ၊ ဇွန်း နှင့် တခြား မီးဖိုချောင်း သုံးပစ္စည်းလေး များ ကို အသုံးပြု လာတာကိုလဲ တွေ့ရှိရပါတယ် ။  ၀ါး နဲ့ ပြုလုပ်ထားသော မီးဖိုချောင်းသုံးပစ္စည်းများ ကို လေ့လာမယ်ဆို ရင် ၀ါး က အစိုဓာတ် သိပ်မရှိပဲ ခြောက်သွေ့လွယ်တာ ကြောင့် ဗတ်တီးယား ပိုးမွှား ပေါက်ဖွားခြင်းမှ ကာကွယ်ပေးပါတယ် ။  နောက်ပြီး ၀ါးသား ဟာ ကျုံသွားခြင်း ၊ ပွသွားခြင်းလည်း မဖြစ်ပါ ။   ဒါကြောင့် စဉ်းတီတုံး အတွက် အသုံးပြုရာမှာ လဲ အသုံးဝင်ပါတယ်။ ၀ါး ရဲ့ သဘာဝ ကို က ဗတ်တီးရီးယားပိုး ပေါက်ဖွား ခြင်းမရှိတာ ကြောင့် မီးဖိုချောင်သုံး ပစ္စည်းများ အတွက် အသုံးပြုရန် အလွန်ပင်ကောင်းမွန်ပါတယ် ။

အခုဆို လျှင် အနောက်တိုင်း နိုင်ငံ တွေမှာ သဘာဝ ထိန်းသိမ်းရေးကို ထောက်ခံသောအားဖြင့် ၀ါး နဲ့ ပြုလုပ်သော မီးဖိုချောင်သုံး  ပစ္စည်းများကို များစွာ အသုံးပြုလာတာကို လဲတွေ့ရှိ ရပါတယ် ။   ကျန်းမာရေး နှင့် မညီညွတ်သော ပလက်စတိပ်ကို ရှောင်ကြည်လာကြ ပါတယ် ။   စဉ်းနီတုံး ကို ၀ါးနဲ့ ပြုလုပ်ထားတာမျိုးကို ဟော်တယ်တွေမှာ အသုံးပြု လာတာကိုလဲ တွေ့ရှိလာပါတယ် ။   ၀ါး နဲ့ ပြုလုပ်ထားသော မီးဖိုချောင် ပစ္စည်းများ ကို ဈေးနှုန်း ချိုသာတာကြောင့် အသုံးပြုနေသော ၀ါး ယောင်းမ၊ ဇွန်း စသည့် မီးဖိုချောင်သုံး ပစ္စည်းများ ပျက်စီးသွား လျှင် အလွယ်တစ်ကူ အသစ် ၀ယ်ယူ အစားထိုး သုံးစွဲလို့ရပါတယ် ။   အခုတလော အိမ်ရှင်မတွေ ရဲ့ အကြိုက်ဆုံး မီးဖိုချောင်သုံး ပစ္စည်းလဲဖြစ်ပါတယ် ။   သုံးရတာလဲ အဆင်ပြေသလို ဈေးလဲ ပေါပါတယ် ၊ ၀ါးနဲ့ ပတ်သက်လို့  ပုံစံအမျိုးမျိုး ၊ အရွယ်အမျိုး နဲ့ ထွက်ရှိနေတာကြောင့် ကိုယ့်ရဲ့ မီးဖိုချောင်မှာ လိုအပ် သလို ကျန်းမာရေးနှင့် ညီညွတ်ပြီး အဆင်ပြေနိုင်စွာ အသုံးပြုလို့ ရနိုင်ပါကြောင်း အားလုံးအတွက် ဗဟုသုတရစေဖို့  စုစည်းဖော်ပြလိုက် ပါတယ် ။

မစည် ရဲ့ ကျောင်းတုန်း ကသင်ခဲ့ ရတဲ့ Wood and Bamboo benefit နဲ့ The Ritz Carlton Millena Sigapore မှာလုပ်ခဲ့တုန်းက experience များထဲက စိတ်ဝင်စားစရာ အကြောင်းလေးများနဲ့  eHow.com မှ information နှင့် အတူ ပူးတွဲ ဖော်ပြလိုက်ပါတယ် ။  Have a GREAT search for the right tool!!!
မှတ်ချက်- ဖော်ပြထား သည့်information သည် နိုင်ငံ တနိုင်ငံ နှင့် တနိုင်ငံ အနည်းငယ် ကွာခြား မှုလေးများ ရှိလျှင် ရှိတတ်ပါသည်။

Credit: Syi Foodsgarden
Photo Credit: Original Owner

Review

User Rating

3.6 (5 Votes)