အီနိုကီမှို ကို မြန်မာပြည်မှာ ပင်အပ်မှို လို့ ခေါ်ကြတယ် လို့ ပြောကြပါတယ်။

ပါဝင်ပစ္စည်းများ

  • အီနိူကီမှို – တစ်ထုပ်
  • ကြက်သွန်ဖြူ – ၅ တက်
  • ချင်း – ပါးပါး ၂ချပ်
  • ငရုတ်သီးစိမ်း. – ၅ တောင့်
  • နံနံပင် – အနည်းငယ်
  • ဆား
  • ဟင်းခတ်မှုန့်
  • ငရုတ်ကောင်းမှှုန့်
  • သံပုရာသီးတစ်စိတ်
  • ပဲငံပြာရည်
  • သကြား
  • ဗီနီဂါ

ပြင်ဆင်ပြုလုပ်နည်း

  1. အီနိုကီမှို ကို အမြစ်တွေဖြတ်ပြီး ၁၅ ခုလောက်ပါတဲ့ အစုအဝေးလေးတွေဖြစ်အောင် ခွဲထုတ်ပါ။ ဆား၊ ဟင်းခတ်မှုန့် ၊ ငရုတ်ကောင်းမှှုန့် ၊ သံပုရာသီးတစ်စိတ်လောက်နဲ့ အရသာနယ်ပြီး နှပ်ထားပါ။ ထိုစဉ်အတွင်း ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ချင်း၊ နံနံပင် တွေကို နုပ်နုပ်စဉ်ပြီး ပဲငံပြာရည် ၊ သကြား ၊ ဗီနီဂါ ၊ တို့နဲ့ ချဉ်ငံစပ်ရည်ပျစ်ပျစ်လေး စပ်ထားပါ။
  2. မှိုတွေရဲ့ အောက်ခြေမှာ ကြက်သွန်မြိတ်နဲ့ စည်းနှောင်ပြီး ပန်းကန်ပြားတစ်ခုမှာ ထည့်ကာ အငွေ့ကောင်းသောပေါင်းအိုးမှာ ၃ မိနစ်ခန့် ပေါင်းပါ။   ပေါင်းအိုးက ထုတ်လာတာနဲ့ ချဉ်ငံစပ်ရည်လေး လောင်းချ ပြီးသုံးဆောင်ရတဲ့ သားသတ်လွတ် လွယ်ကူတဲ့ မှိုပေါင်းတစ်မျိုးဖြစ်ပါတယ်။

Credit: ဟင်းချက်နည်းများ