အုန်းနို့ခေါက်ဆွဲ

Share this on:

အုန်းနို့ခေါက်ဆွဲ1

ပါဝင်ပစ္စည်းများ

  • ကြက်သား
  • ကြက်သွန်ဖြူ
  • ပဲစိမ်းမှုန့်(မွှေး) တစ်ထုပ်
  • အုန်းနို့ရည်
  • ငံပြာရည် အနည်းငယ်
  • အသားမှုန့်  အနည်းငယ်
  • ဆီ
  • ကြက်သွန်နီဥ
  • ပဲသွေး
  • ခေါက်ဆွဲ
  • အိုးဘဲဥ
  • ပဲကြော်
  • ပဲသွေး
  • နံနံပင်
  • ငရုတ်သီး
  • သံပုရာသီး

ပြုလုပ်နည်း

  1. ကြက်သားကို ရေဆေးပြီး ပြုတ်ပါ ။ နူးလာလျင် အသားတွေကို ကြက်သွန်ဖြူနှင့် ဆီသတ်ပါ ။
  2. ဟင်းရည်ကို ရေထပ် ထည့်ပြီး ဆူအောင် တည်ပါ ။
  3. ပဲစိမ်းမှုန့်(မွှေး) တစ်ထုပ်ကို ရေဖျော်ပြီး ဟင်းရည်အိုး ထဲသို့ ထြဲ့ပီး ကျေအောင်မွှေနေပါ ။
  4. ဟင်းရည် ပွက်လာလျင် အုန်းနို့ရည်ထည့်ပါ ။ (ကျွန်မကတော့ ယိုးဒယားက လာတဲ့ အုန်းနို့အရည် ၊  အမှုန့်တွေ သုံးပါတယ် ။ အလွယ်တကူ ရတာပေါ့)
  5. ပြီးလျင် ဆီသတ်ထားတဲ့ ကြက်သားတွေကို ဟင်းရည်အိုးထဲ ထည့်ပါ ။
  6. ငံပြာရည် ၊ အသားမှုန့် ၊ ကြက်သွန်နီဥ ၊ပဲသွေး ထည့်ပြီး မွှေပါ ။  ဟင်းရည် ကျလာရင် မီးပိတ်ထားပါ ။
  7. ခေါက်ဆွဲဖတ်တွေ ပြုတ်ထားပါ ။  အိုးဘဲဥ ၊ ပဲကြော် ၊ ပဲသွေး ၊ နံနံပင် ၊ ငရုတ်သီး ၊ သံပုရာသီး ထည့်ပြီး စားနိုင်ပါပြီ ။  
  8. (ကျွန်မ ချက်နည်းကို share ခြင်းပါ ။  တစ်ခြား နည်းများနှင့် ကွဲပြားနိုင်ပါသည် ။)
Credit: Phyu Thin Shwe

Review

User Rating

3.2 (6 Votes)