မိုးရာသီမှာ ပေါများပြီး စားကောင်းတဲ့ အသီးတွေ အများကြီး ရှိတဲ့အထဲမှာ ဩဇာသီးလည်း တစ်ခု အပါအဝင်ပါ။ မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်းမှာ အများအပြား ပေါက်ရောက်ပါတယ်။ သဘာဝအလျောက် အလေ့ကျလည်း ပေါက်ရောက်ပါတယ်။ မူလဇစ်မြစ်ကတော့ အနောက်အင်ဒီယန်းကျွန်းစုမှာ ဖြစ်ပြီး ကမ္ဘာနိုင်ငံအနှံ့မှာတော့ စိုက်ပျိုးနေကြပါပြီ။ အိန္ဒိယမှာတော့ ဆေးအဖြစ် အဓိကထား စိုက်ပျိုးကြပါတယ်။

ဩဇာပင်ကို ပူနွေးစိုစွတ်တဲ့ မြေမျိုးမှာ ကောင်းစွာ ဖြစ်ထွန်းပြီး ရေမြေရာသီဥတုတွေ အပေါ်မှာ မူတည်ပြီး အသီးရဲ့ အရွယ်အစားတွေ ခွဲပြားသွားပါတယ်။ ဩဇာသီးကို လူတေါ အပြင် ရှဉ်ည့တွေ ကျေးငှက်သတ္တဝါတွေကလည်း ကြိုက်နှစ်သက်ပါတယ်။ အသီးကို အမှည့်စားရပြီး မျက်နှာပြင်က အကွက်တွေ ကျဲလာပြီဆိုရင်တော့ ခူးယူပြီး အုပ်ထားရပါတယ်။ ဩဇာစေ့ကိုတော့ စားလို့ မရပါဘူး။ အဆိပ်ဖြစ်စေပါတယ်။

ANNONA SQUAMOSA
ပြင်ဦးလွင်၊ တောင်ကြီး နှင့် ကရင်ပြည်နယ်တွေမှာ ပေါများစွာ တွေ့ရပါတယ်။  အထူးသဖြင့် ပုပ္ပါးမှထွက်သော သြဇာသီးနဲ့  ပြည်မြို့မှထွက်သော ခရမ်းရင့်ရောင်ဆန်ဆန် နီညိုညိုအသီးတို့က အရသာပိုချိုသည်ဟု နံမည်ကြီးပါသည်။

ဩဇာသီးမှာ ဗီတာမင်ဘီ၊ ဗီတာမင်အေ၊ ကစီဓာတ်၊ သံဓာတ်၊ အက်ဆစ်ဓာတ်၊ ပရိုတင်း၊ ဇင့်၊ မဂ္ဂနီစီယမ်၊ ကော့ပါး၊ ပိုတက်စီယမ်၊ ဆိုဒီယမ်၊ ကယ်လ်စီယမ်၊ ဗီတာမင်စီး၊ အမျှင်ဓာတ်တို့ ပါရှိပါတယ်။ ဩဇာသီးကို စားခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကလည်း မနည်းလှပါဘူး။ အစာကို ကြေစေပြီး ဝမ်းပျက်ဝမ်းလျှောခြင်းကို သက်သာစေပါတယ်။ နှလုံးကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပြီး အဆစ်နာတဲ့ လူတွေလည်း စားလို့ ရပါတယ်။ အသားအရေနဲ့ ဆံပင်အတွက် ကောင်းမွန်စေသလို ကိုယ်ခံအားကို တက်စေပါတယ်။ သံဓာတ်ပါဝင်တာကြောင့် သွေးအားနည်းသူတွေ အတွက် အကူအညီရစေပါတယ်။

အကျိုးများပြီး အဖိုးမများတဲ့ ရာသီစာ ဩဇာသီးကို သရေစာ အဖြစ် စားသုံးကြပြီး ဩဇာတွေလည်း ကြီးမားပါစေလို့ ဆုတောင်းလိုက်ပါတယ်။

Credit: Swansone