ငါး - Fish | ဟင်း - Curry

ဆော်လမွန်ငါးဗိုက်သား အချဉ်ဆီပြန်

May 27, 2016

ဆော်လမွန်ငါးဗိုက်သား အချဉ်ဆီပြန်

Share this on:

ပါဝင်ပစ္စည်းများ

  • ဆော်လမွန်ငါးဗိုက်သား - 400 g
  • ခရမ်းချဉ်သီး - 2 လုံး
  • မန်ကျီးသီးမှည့်- 2 ဇွန်းခန် (ထမင်းစားဇွန်း)
  • ကြက်သွန်ဖြူ - ၂ မွာ
  • ကြက်သွန်နီ - ၂ လုံး
  • ဆီ
  • ဆား
  • နနွင်း
  • ငရုတ်သီးအရောင်တင်မှုန့်
  • အရသာမှုန့်
  • ငရုပ်သီးစိမ်း - ၅ တောင့်
  • ရှမ်းနံနံ (သို့) နံနံပင် - ၃ ပင်

ပြင်ဆင်ပြုလုပ်နည်း

  1. ကြက်သွန်ဖြူ ၊ ကြက်သွန်နီကို ခွာကာ ရေဆေးပြီး ငရုတ်သီးအရောင်တင်မှုန့် ထည့်ကာ ညှက်အောင်ထောင်းပါ ။
  2. ဆော်လမွန်ငါးဗိုက်သား ကိုရေဆေးပြီ အတုန်းလေးတွေတုံးကာ ဆား ၊ နနွင်းနယ်ထားပါ ။ ခရမ်းချဉ်သီးကို ပါးပါးလှီးထားပါ ။ မန်ကျီးသီးမှည့်ကို ရေဆေးပြီး ရေနွေးနှင့် စိမ်ထားပါ ။
  3. ချက်မည့် ဒယ်အိုးထဲသို့ ဆီထမင်းစားဇွန်း (၃) ဇွန်းခန့် ထည့်ပြီး ဆီကျက်လျှင် ထောင်းထားသော ကြက်သွန်ဖြူ ၊ ကြက်သွန်နီနှင့် နနွင်းကို ထည့်ကာ ဆီသတ်ပါ ။ ကြက်သွန်နီညိုရောင်သန်းလာလျှင် ပါးပါးလှီးထားသော ခရမ်းချဉ်သီးနှင့် ဆား ၊ အရသာမှုန့်တို့ကို ထည့်ကာ ခရမ်းချဉ်သီး ကျေအောင်လိပ်ပြီး ဆီပြန်သည်အထိ ချက်ထားပါ ။
  4. ဆီပြန်လျှင် အတုန်းလေးတွေတုန်းထားသော ဆော်လမွန်ငါးဗိုက်သားကို ထည့်ကာ ၃ မိနစ်ခန့် ငါးမကြေအောင် မွေပြီး မန်ကျဉ်းရည်နှင့် ရေနွေး ၁၀၀ ml ခန့်ထည့်ပြီး အဖုံးအုပ်ကာ ဆီပြန်အောင်ချက်ပြီး ငရုပ်သီးစိမ်း ၊ ရှမ်းနံနံ အုပ်ကာ သုံးဆောင်လို့ ရပါပြီ ။
Credit: Myanmar Foods & Other

Review

User Rating

0 (0 Votes)