ငပိချက် | ပဲ - Beans

ရေဦးပဲငါးပိအစပ်ချက်

June 30, 2016

ရေဦးပဲငါးပိအစပ်ချက်

Share this on:

ပါဝင်ပစ္စည်းများ

  • ပဲငါးပိအစို - ၂၀ ကျပ်သား
  • ကြက်သွန်နီ - ၁ လုံး
  • ကြက်သွန်ဖြူ - ၅ တက်
  • ငရုတ်သီးခြောက်တောင့် - ၅ တောင့်
  • ငရုတ်သီးစိမ်း - ၅ တောင့်
  • နံနံပင် - အနည်းငယ်

ပြင်ဆင်ပြုလုပ်နည်း

  1. ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ငရုတ်ခြောက်တောင့်တို့ ရောပြီး ညှက်အောင်ထောင်းပါ ။
  2. ခရမ်းချဉ်သီးကို ပါးပါးလှီးပါ ။ ငရုတ်သီးစိမ်းကို ခပ်ကြီးကြီးလှီးပါ ။
  3. ဒယ်အိုးရဲ့အောက်ခြေမှာ ထောင်းထားသော ကြက်သွန်အရောကို ထည့်ပြီး ၊ နနွင်းမှုန့် ၊ အရောင်တင်နှင့် ဆား ၊ ဟင်းခတ်မှုန့်ကို ထည့်ပါ။ (ဆားမထည့်ခင် ပဲငါးပိအရသာကို မြည်းစမ်းထားဖို့လိုပါမည်)
  4. ပါးပါးလှီးထားတဲ့ ခရမ်းချဉ်သီးနှင့် ငရုတ်သီးစိမ်းထည့်ပြီး ဆီအနည်းငယ်ထည့်ကာ အဖုံးအုပ်ကာ ရေခမ်းဆီပြန်သည်အထိ ချက်ပါ ။ ခရမ်းချဉ်သီးအနှစ်ကျပြီဆိုမှ ပဲငါးပိ ထည့်ပြီးမွှေပေးပါ ။
  5. ပဲငါးပိထည့်ပြီး ရေခမ်း ၊ ဆီပြန် ၊ အနှစ်ကျအောင် တစ်ကြိမ်အဖုံးပိတ်ပြီး ချက်ပါ ။ မီးဖိုပေါ်မှ ချကာ နီးလျှင် နံနံပင်လေးအုပ်ပေးပါ ။
Credit: ဟင်းချက်နည်းများ

Review

User Rating

5 (2 Votes)