ရွှေထမင်း (Golden Rice)

Share this on:

နေ့လည်စာ စားပြီး ရွှေထမင်းလေးနဲ့  အချိုတည်းလို့ ရအောင် ရွှေထမင်း အလွယ်တကူလုပ်စားတဲ့နည်းလေးပါ ။

ပါဝင်ပစ္စည်းများ

  • ကောက်ညှင်းဆန်အဖြူ - ဆန်ချိန်ခွက် ၂ခွက်
  • ထန်းညက်ခဲ - ၁၅ခဲ (အမဲရောင်ဆိုလျှင် ပိုကောင်းပါသည်)
  • အုန်းနို့ ရည် - ၂၀၀ml (Readymade ဗူးသေးတဗူး)
  • သကြား - ထမင်းစားဇွန်း ၁ဇွန်း
  • ဆား - ဇွန်းသေး ၁ဇွန်း
  • ရေ - ဆန်ချိန်ခွက် ၃ခွက်

ပြင်ဆင်ပြုလုပ်နည်း

  1. ကောက်ညှင်းဆန်ကို ရေဆေးပြီး ရေ ဆန်ချိန်ခွက် ၃ခွက်ထည့်ပြီး ၂နာရီလောက် ရေစိမ်ပါ ။
  2. ထန်းညက်ခဲတွေကို ရေအရင် စိမ်ထားပါ ။ ပြီးလျှင် ရေစစ်ဖြင့် စစ်ပြီး ညောင်စေးကျအောင် ကျိုထားပါ ။
  3. စိမ်ထားတဲ့ ကောက်ညှင်းဆန်ထဲကို သကြား ၊ ဆား ထည့်ပြီး rice cooker နဲ့ပဲ အလွယ်ချက်ပါ ။
  4. ၃မိနစ်ခန့် ကြာလျှင် ကောက်ညှင်းဆန်ကို အပေါ်အောက်မွှေပေးပြီး ဆက်တည်ပါ ။
  5. နောက် ၃မိနစ်ခန့် ကြာလျှင် ထန်းညက်ရည်နှင့် အုန်းနို့ရည်တို့ကို ထည့်ပြီး သမအောင် မွှေပေးပါ ။ (သတိ-အပူလောင်တတ်သည်) ပြီးလျှင် မီးခလုတ်ပိတ်ပြီး အပူရှိန်ဖြင့် ၂မိနစ် နှပ်ထားပါ ။
  6. မုန့်ဗန်း (သို့ ) ဇောက်နက်တဲ့ ပန်းကန်ထဲ ထည့်ပြီး ပေါင်းအိုး ဖြင့် ၁၅~၃၀ မိနစ်ခန့်  ထည့်ပေါင်းပါ ။ အပေါ်မှ အဖုံးဖုံးထားရပါမည်။ အနံ့ အရသာနဲ့ ပြည့်စုံသော ရွှေထမင်းကို အုန်းသီးဇွန်းခြစ် (သို့ ) အုန်းနို့ရည်နှင့်  စားလို့ရပါပြီ ။
သတိ ။ ။သွေးတိုး ၊ ဆီးချို ရှိသူများနှင့် လုံးဝမတည့်ပါ ။

Credit: KaeKae's FoodPalace

Review

User Rating

3.4 (5 Votes)