အပေါင်း - Steamed | ကြက်သား - Chicken

မြေအိုး ကြက်တောင်ပံပေါင်း

April 23, 2016

မြေအိုး ကြက်တောင်ပံပေါင်း

Share this on:

29

29,2

29,1

ပါဝင်ပစ္စည်းများ

  • ကြက်တောင်ပံ - ကီလိုဝက် (ကြက်သားနဲ့ ချက်လဲကောင်းပါတယ် )
  • ပဲငံပြာရည်အနောက် - စားပွဲဇွန်း  ၂ဇွန်း
  • ပဲငံပြာရည် အကြည်(အချို) - စားပွဲဇွန်း  တစ်ဇွန်း
  • ခရုဆီ (Oyster Sauce) - စားပွဲဇွန်း  ၂ဇွန်း
  • တရုတ် ဟင်းချက်ဝိုင် - စားပွဲဇွန်း  ၄ဇွန်း
  • ဂျင်း ပါးပါးလှီထားတာ - ၁၀ခု
  • ကြက်သွန်ဖြူ - ၆မွှာခန့် (အခွံခွါစရာမလိုပါ)
  • ကြက်သွန်ဖြူ အနှစ် - လဖက်ရည်ဇွန်း တစ်ဇွန်း (မရှိလျင် ကြက်သွန်ဖြူကို ထောင်းပါ)
  • ငရုပ်သီးခြောက် - ၆တောင့်ခန့်
  • နှမ်းဆီ - စားပွဲဇွန်း ၅ဇွန်းခန့်
  • သကြား - စားပွဲဇွန်း ၂ဇွန်းခန့်
  • ကြက်သွန်မြိတ်ကြီးကြီး - တစ်ခု (တစ်လက်မလောက်စီ လှီးဖြတ်ထားပါ)
  • ကြက်သွန်နီ - တစ်လုံး  ၈စိတ်စိတ်ပါ။
  • ငရုပ်ကောင်း - လဖက်ရည်ဇွန်းတစ်ဝက်ခန့်
  • ပြောင်းဖူးမှုန့် (Corn Flour) (သို့)ကော်မှုန့် စားပွဲဇွန်းတစ်ဇွန်းေ(ရနဲ့ ပျစ်ပျစ် ဖျော်ထားပါ)
  • ကြက်သားမှုန့် - သင့်သလို

ပြင်ဆင်ပြုလုပ်နည်း

  1. ပထမဆုံး ကြက်တောင်ပံတွေကို ရေဆေးပြီး ကြက်သားမှုန့် ၊ ငရုပ်ကောင်းတို့နဲ့ နယ်ထားပါ ။
  2. ဒယ်အိုး (သို့) ဒန်အိုးထဲမှာ နှမ်းဆီကို ထည့်ပါ ။   ဆီကျက်ရင် ဂျင်း ၊ ကြက်သွန်ဖြူ အနှစ် ၊ ကြက်သွန်ဖြူအမွှာလေးတွေကို ထည့်ပြီး မွှေးနေအောင် ဆီသတ်ပါ ။
  3. မွှေးလာရင် ငရုပ်သီးထည့်ပြီး ကြက်တောင်ပံကိုလည်းထည့် မွှေပေးပါ။ အဲဒီမှာ နှမ်းဆီနဲ့ ဆီသတ်ထားတော့ ဂျင်း ၊ ကြက်သွန်ဖြူနံ့နှင့် ကြက်သားက တော်တော်ကို မွှေးနေပါမယ် ။
  4. ကြက်တောင်ပံတွေ ကျက်လာပြီး ဆီသတ်တာ ကပ်လာပြီဆို ပဲငံပြာရည် အကြည်ရည် ၊ အနောက်ရည် ၊ ခရုဆီ ၊ ဟင်းချက်ဝိုင် ၊ သကြား အစရှိသည်တို့ကို ရောထည့်ပြီး ခဏလုံးလိုက်ပြီး မွှေလိုက်ပါ ။ အရမ်းကပ်နေရင်တော့ ရေပါ နဲနဲထည့်ပါ ။
  5. .ပြီးတော့ မြေအိုးထဲကိုပြောင်းထည့် ၊ ရေကို ကြက်သားမြုတ်အောင်ထည့်ပြီး အဖုံးအုပ် မီးအေးအေးနဲ့ နာရီဝက် ပေါင်းရပါမယ် ။ (မြေအိုးမရှိလဲ စောနက အိုးနဲ့ ပေါင်းလဲ ရပါတယ် ။ မြေအိုးနဲ့က ပိုနူးလွယ်ပါတယ် ။)
  6. ကြက်သားနူးအိလာရင် ကော်ရည်ဖျော်ထားတာ လောင်းထည့် ၊ ကြက်တောင်ပံတွေ မကြေအောင် အသာလေး မွှေပေးပါ ။ ပြီးရင် ကြက်သွန်နီ ၊ ကြက်သွန်မြိတ်ထည့် ၊ တစ်မိနစ်လောက်ထပ်တည် ၊ အပေါ့ ၊ အငံ ၊ အချိုလေးမြည်းပြီး စားလို့ရပါပြီ ။

Credit: TT Sweet

Review

User Rating

4.2 (6 Votes)