ပဲပြား - Bean Curd | ဝက်သား - Pork

ဝက်သား စဉ်းကောနှင့် ပဲပြား အစပ်ချက်

April 23, 2016

ဝက်သား စဉ်းကောနှင့် ပဲပြား အစပ်ချက်

Share this on:

ဝက်သားစဉ်းကောနဲ့ ပဲပြာအစပ်ချက် ကတော့ တရုတ်ဟင်းလျာ တစ်မျိုးဖြစ်ပါတယ် ။

Pork

ပါဝင်ပစ္စည်းများ

  • ၀က်သား၊
  • ပဲပြား၊
  • ကြက်သွန်မြိတ်
  • ကြက်သွန်ဖြူ
  • ဂျင်း
  • ငရုတ်ကောင်း
  • ဆား
  • ပဲငံပြာရည်အကြည်
  • ဆီ
  • ငရုတ်သီးအကြမ်းဖတ်
  • ငရုတ်သီးအရှည် အခြောက်တောင့်
  • ကော်မှုန့် အနည်းငယ်

ပြုလုပ်နည်း

  1. အရင်ဆုံး ၀က်သားကို နုတ်နုတ်စဉ်းပြီး ဆား အနည်းငယ် နယ်ပြီး နှပ်ထားပါ ။
  2. ပဲပြာကို ရေးဆေး အတုံးလေးတွေ တုံးထားပါ ။  ကြက်သွန်ဖြူ ၊ ဂျင်း အနည်းငယ်ကို နုတ်နုတ်စင်းထားပါ ။ ကြက်သွန်မြိတ်ကို လှီးထားပါ ။   ကော်မှုန့် ဇွန်းတစ်ဝက်ခန့်ကို ရေဖျော်ထားပေးပါ ။
  3. အိုးထဲမှာ ရေထည့် ၊ ဆား အနည်းငယ် ထည့်ပြီး ပဲပြားကို သုံးမိနစ်လောက် ထည့်ပြုတ်ပေးပါ ။  ပြီးရင် ရေစစ်ပြီး ဆယ်ထားပါ ။   ထည့်ချက်တဲ့ အခါမှာ မကျေ ကုန်အောင်ပါ ။ 4.ြ
  4. ပြီးတာနဲ့ ဒယ်အိုးထဲကို ဆီ အနည်းငယ်ထည့် ၊ ဆီပူလာရင် ကြက်သွန်ဖြူ ၊ ကြက်သွန်မြိတ် ၊ ငရုတ်ကောင်း ၊ ဂျင်းထည့်ပြီး ဆီသတ်ပေးပါ ။
  5. မွှေးလာတာနဲ့ ငရုတ်သီးထည့်ပြီ့း ဆီအနီရောင် ဖြစ်လာတာနဲ့ မွှေပေးပြီး ၀က်သား ထည့်ပါ။ ငရုတ်သီးခြောက်အတောင့်ရှည်ထည့် ၊ ပဲငံပြာရည် အကြည် နည်းနည်းထည့်ပါ ။
  6. ၀က်သား အညိုရောင် ဖြစ်လာပြီ ဆိုရင် ပဲပြားထည့်ပါ ။   နှံ့အောင် မွှေပေးပါ ။
  7. ကြက်ပြုတ်ရည် (သ) ရေ အနည်းငယ် ထည့်ပြီး သုံးမိနစ်လောက် တည်ပေးပါ ။
  8.  ပြီးတာနဲ့ ကော်ရည် နည်းနည်းထည် ၊့ ဆားနည်းနည်း ထည့်ပြီး တည်ပေးပါ ။
  9. အရသာ အပေါ့အငံကို လိုသလို ပြုပြင်ပါ ။  ငါးမိနစ်လောက် တည်ပေးပြီး ဟင်းအနှစ် ပြစ်လာပြီ ဆိုတာနဲ့ မီးဖိုပေါ်က ချပြီး ထမင်းနဲ့ သုံးဆောင်လို့ ရပါပြီ ။ (အသားကို ကြိုက်နှစ်သက်ရာ အသားသုံးလို့ ရပါတယ် ။)
Credit: Sango's Curries

Review

User Rating

2.7 (3 Votes)