အကြော် - Fried | ကြက်သား - Chicken

ကြက်ပင်စိမ်း (ထိုင်းစတိုင်)

February 6, 2016

ကြက်ပင်စိမ်း (ထိုင်းစတိုင်)

Share this on:

ပါဝင်ပစ္စည်းများ

  • အသားနွှင် ထားသော ဗမာ ကြက်ရင်ပုံ -၂ ခြမ်း (၁၅၀ဂရမ် )
  • ပဲငံပြာရည်အကျဲ - ၂ ၁/၂ လက်ဖက်ရည်ဇွန်း
  • ခရုဆီ - ၂ လက်ဖက်ရည်ဇွန်း
  • ငရုတ်ကောင်းမှုန့်် - သင့်ရုံ
  • ခရမ်းကြွပ်သီး - ၃လုံး (လေးစိတ် လှီးထားပါ)
  • ဂျင်း ၊ ကြက်သွန်ဖြူ ထောင်းပြီးအရည် - ၁ ဇွန်း Teaspoon
  • ထိုင်းပင်စိမ်းရွက် - လက်တစ်ဆုပ်ခန့်
  • ကောက်ရိုးမှို - ၅ ခု
  • ငရုတ်ပွ ချို - ၁ ခု
  • ခရုဆီ - ၁ tsp
  • ဆီ

ပြုလုပ်နည်း

  1. အသားနွှင် ထားသောဗမာ ကြက်ရင်ပုံ ကို အရေခွံဖယ်၍ နှုတ်နှုတ် စဉ်းထားပါ။
  2. အရိုးများကိုလည်း ဆားသင့်ရုံဖြင့် ပြုတ်ပြီး အရည် ယူထားပါ။
  3. ကြက်သားကို ပဲငံပြာရည်အကျဲ၊ ခရုဆီ၊ ငရုတ်ကောင်းမှုန့်် ၊ ဂျင်း ၊ ကြက်သွန်ဖြူ တို့ဖြင့် အရသာ ဝင်အောင် နယ်ထားပါ။
  4. ဒယ်ထဲဆီ သင့်ရုံထည့်ပြီး ခရမ်းကြွတ်သီး၊ မှို ၊ ငရုပ်ပွများ ခဏကြော်ပြီး ဆယ်ယူထားပါ။
  5. ဟင်းပွဲပေါ် အလှဆင်ရန် ပင်စိမ်း တစ်ဝက်ကို ကြွပ်အောင် ကြော်ထားပါ။
  6. ဆီ ၁ (ဟင်းစားဇွန်းခန့်) ချန်ပြီး နှုတ်နှုတ်စဉ်းထားသော ကြက်သွန်ဖြူ ၊ ဂျင်း အနည်းငယ် မွှေးလာအောင် ဆီသက်ပါ ။
  7. ပြီးလျှင် ကြက်သား ထည့်ပါ။  ကြက်သားများ လုံးမသွားစေရ န်ဇွန်းဖြင့် ထိုးခြေ မွှေပေးပါ။
  8. ခရုဆီ ၁ဇွန်း ထည့်ပါ။  ကြက်သားများ အရောင်ပြောင်းပြီး မွှေးလာလျှင် ကြက်ပြုတ်ရည် ၆ ဇွန်း ( ဟင်းစားဇွန်း) ထည့်ပါ။ ပင်စိမ်း ထည့်ပါ။
  9. ပြီးလျှင် ကြော်ထားသော အသီးများ ထည့်ပါ။ အပေါ့အငံ စိတ်ကြိုက်ပြင်ကာ ထမင်းပူပူလေးနှင့် လိုက်ဖက်လှပါတယ်။
Credit: Soe´s Cooking Collection

Review

User Rating

4 (4 Votes)