အပေါင်း - Steamed | ကြက်သား - Chicken

ကြက်သားနဲ့ ဟင်းထုတ်

May 12, 2016

ကြက်သားနဲ့ ဟင်းထုတ်

Share this on:

ပါဝင်ပစ္စည်းများ

  • ကြက်သားအသားချည်း
  • အရသာမှုန့်
  • ပဲငံပြာရည်အကြည်
  • ခရုဆီ
  • ကြက်သွန်မြိတ်
  • ဆန်မှုန့်အစိမ်းမှုန့်
  • ဂျင်း
  • ကြက်သွန်ဖြူ
  • ငှက်ပျောရွက်
  • သွားကြားထိုးတံ

ပြင်ဆင်ပြုလုပ်နည်း

  1. ကြက်သားအသားချည်းပဲကို သေးသေးလေးတွေ တုံးပြီး အရသာမှုန့် ၊ ပဲငံပြာရည်အကြည်ရေနဲ့ (သို့) ခရုဆီလေးပါ နည်းနည်းထည့်ပြီး ရေအနည်းငည်ထည့်ပြီး ရေခန်းလေး ပြုတ်လိုက်ပါ ။
  2. ပြီးရင် ကြက်သွန်မြိတ်ကို လက်တဆစ်လောက်ဖြတ်ပြီး ထားပါ ။
  3. ဆန်မှုန့် အစိမ်းမှုန့် ထိုင်းကအမှုန့် သုံးပါတယ် ။ ဆန်မှုန့် ၊ ကြက်သွန်မြိတ် ၊ ဂျင်း ၊ ကြက်သွန်ဖြူထောင်း တွေကို ရေနဲ့ ထပ်ထပ်ခလေးနယ်ပါ ။ ခပ်ပြစ်ပြစ်လေး နဲ့ အရသာမှုန့် ၊ ကြက်သားမှုန့်ပါ ထည့်နယ်ပါ ။ ကြက်ပြုတ်လို့ ထွက်လာတဲ့ ဆီလေးပါ ထည့်နယ်ပါ ။
  4. ပြီးရင် ငှက်ပျောရွက်ထဲ မုန့်ဖတ်အနှစ်ထည့် အပေါ်ကကြက်သားထည့် ဖက်ကိုပြန်ထုတ်ပိ သွားကြားထိုးတံလေးနဲ့ ထိုးပါ ။ ပြီးရင် ပေါင်းအိုးနဲ့ ၁၅ မိနစ်လောက် ပေါင်းရင် ရပါပြီ ။ ငရုပ်သီးဆီကျော်လေး နှင့် ကြက်သွန်ဖြူကြော်နဲ့ စားရင် လိုက်ဖက်ပါတယ်။
Credit: မနီ( နော်ဝေ)

Review

User Rating

4.3 (6 Votes)