အကြော် - Fried | ကြက်ဥ - Eggs

ကြက်ဥအစပ်မွှေကြော် – Spicy Omelet

January 22, 2016

ကြက်ဥအစပ်မွှေကြော် – Spicy Omelet

Share this on:

ဒီနည်းက ကြက်ဥကို ရိုးရိုကြော်စားရတာ ငြီးငွေ့နေတဲ့ သူတွေအတွက် ရည်ရွယ်ပါတယ်။ ကြက်ဥခေါက်ကြော်လေးတစ်ပွဲက ပြင်ဆင်ရတာ အကုန်အကျ သက်သာပြီး ကရိကထနည်တဲ့ ထမင်းချိုင့်ထည့်ရတဲ့ ရုံးဝန်ထမ်းများ ကျောင်းသူကျောင်းသားများ အတွက် ကြက်ဥက မရှိမဖြစ် ဆိုလည်း မမှားပ၊ဘူး။ ကဲ အရသာရှိပြီး စားလို့ကောင်းတဲ့ Indian Style ကြက်ဥခေါက်ကြော်လေးကို ထမင်းချိုင့်ထည့်ဖို့ မြန်မြန်ဆန်ဆန် ကြော်စားကြည့်ရအောင်လား ။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၃ လုံး (မိမိကြိုက်သလောက်ထည့်ပါ)
  • ခရမ်းချဉ်သီးမှည့် ၁ လုံး
  • ကြက်သွန်နီအသေး ၁ ဥ
  • နံနံပင်
  • နံနွင်းမှုန့်
  • မဆလာ
  • ငရုတ်သီးစိမ်း အနည်းငယ်
  • အရောင်တင်ငရုတ်မှုန်
  • ထောပတ်အစစ် သို့မဟုတ် မာဂျရင်း

ကြော်လှော်နည်း

  1. ခရမ်းချဉ်သီး ကြက်သွန်နီ နှင့် နံနံပင်များကို ခပ်စိတ်စိတ်လှီဖြတ်ထားပြီး ထောပတ်ကလွဲပြီး ကြက်ဥထဲကို အပေါ်မှာပါတဲ့ ပစ္စည်းများ အနံအရသာများ ရောထည့်ကာ နာမာခေါက်ပေးပါ
  2. အပူပေးထားတဲ့ ဒယ်အိုးထဲကို ထောပတ်လိုသလောက်ထည့်ပြီး မီးအပူချိန် အနေတော်နဲ့ ကြော်ပါ
  3. တစ်ဖက်စီလှည့်ပေးရင်း ကြက်ဥအသား ရွှေညိုရောင်သန်းလာလျင်ချလို့ ရပ၊ပြီ
ကြက်ဥကြော်ရာမှာ ထောပတ်မသုံးလည်း ရိုးရိုးဆီကိုပဲ အသုံးပြုလို့ ရပါတယ်။ India မှာတော့ ထောပတ်များများ ထည့်လေ ကြက်ဥကြော်က အရသာတက်ပြီး မွှေးပျံလေမို့ ထောပတ်နဲ့ ကြော်ကြပါတယ်။ ဒီ Spicy Omelet ကြော်လေးကို ကြက်သွန်ဖြူ ဆီကျက်၊ ပဲမှုန့်၊ ငံပြာရည်၊ ပုစွန်ခြောက်မှုန့်၊ ငရုတ်လှော်မှုန့် တို့နဲ့ သုပ်ထားတဲ့ ထမင်းအကြမ်းသုပ်လေး၊ ဘူးသီးဟင်းခါး ပူပူလေး တို့နဲ့ တွဲဖက်စားသုံးပါက အင်မတန်မှ စားလို့မြိန်စေပါတယ်။

Credit: Warr Tee

Review

User Rating

0 (0 Votes)