ပျော်ရွှင်စရာကောင်းတဲ့နေ့လေးမှာ မိသားစု စုံစုံလင်လင်နဲ့ ကြာဇံချက်လေး လုပ်စားတယ်နော်။

ပါဝင်ပစ္စည်းများ

  • ကြက်သား – 25သား
  • ငါးဖယ် – 10သား
  • ဘဲဥ – သုးံလုးံ
  • ကြာဇံ – 10သား
  • ကြက်သွန်နီ လုးံသေး – 10သား

Source: Simply Fresh Fruit

  • ကြက်သွန်ဖြူ ကြီး – တစ်လုးံ
  • ဂျင်း အနဲငယ်
  • ကျောက်ပွင့်မဲ
  • ပဲပြား
  • အသားတု

ပြုလုပ်နည်း

ကျောက်ပွင့် ၊ ပဲပြား ၊ အသားတုများကို ရေစိမ်ထားပါ။ ခပ်သေးသေး ညှပ်ထားပါ ။ (ခန့်မှန်းပြီး ရေးထား ပါတယ် အိမ်မှာရှိတာ အလွယ် ယူချက် ထားပါသည် ။ )

ကြက်သားကို သန့်စင်ပြီး ဆား ၊ ဆနွင်းနယ် ၊ ငံပြာရည် သုးံဇွန်းထည့် ၊ ရေ နည်းနည်းနှင့် ပြုပ်ပါ။

ရေဆူလာလျှင် ငါးဖယ်ကို လုးံပြီးထည့်ပါ။ ပြုတ်ထားတဲ့ ကြက်သားကို ကျက်လျှင် အအေးခံပြီး အသား သင်ထားပါ။

ဂျင်း ၊ ကြက်သွန်ဖြူ ထောင်း၊ ဆီ ငါးကျပ်သား လောက်နဲ့၊ ဆနွင်းထည့် ၊ ဆီသက်ပါ။ ပြီးလျှင် အရောင်တင်မှုန့် အနဲငယ် ထည့် ၊ သင်ထားတဲ့ ကြက်သား ၊ ငါးဖယ်လုးံ ထည့် ဆီသတ်ပေးပါ။

ချက်မည့် အိုးထဲတွင် ရေတဝက် ထည့်၍ ဆူအောင်တည်ပါ။ ဆူတော့ ဆီသက်တဲ့ ကြက်သားထည့်ပါ။ ပြုပ်ရည် ကျန်တာထည့်ရျ် ရေဆူအောင် ထားပါ။

ဆူတော့ ကြက်သွန်နီ အလုးံလေးတွေ ထည့်ပေးပါ။ ဆူအောင်ထားပြီး ကျောက်ပွင့် ၊ ပဲပြား ၊ အသားတု မိမိ နှစ်သက်ရာ ထည့်ပါ။

ရေဆူလျှင် ကြာဇံ ရေဆေး ထည့်ပါ။ ကြာဇံကျက်တော့ အချိုငံ ထည့် ၊ ငြုပ်ကောင်းးထည့်ပြီး ဗမာနံနံ ၊ သံပုရာသီး ၊ ငြုပ်သီးကြော်မှုန့် တို့နဲ တွဲဖက် သုးံဆောင်နိုင်ပါသည်။
Credit: Daw Suu Suu