ဟင်း - Curry | ဟင်းသီးဟင်းရွက် - Vegetables

‎မုန်ညင်းထုပ်နဲ့မှိုအုန်းနို့ချက်ဟင်းရည်

July 26, 2016

‎မုန်ညင်းထုပ်နဲ့မှိုအုန်းနို့ချက်ဟင်းရည်

Share this on:

ပါဝင်ပစ္စည်းများ

  • မုန့်ညင်းထုပ် (အသေး) ၃ စည်း (အရိုးများအရွက်များကို ခြွေထားပါ)
  • ပဲငံပြာရည် ၆ ဇွန်း (ထမင်းစားဇွန်း)
  • နှမ်းဆီ ၂ ဇွန်း (ထမင်းစားဇွန်း)
  • မှို ၂၀ ကျပ်သား (မှိုလုံးများကို ရေ စင်အောင် ဆေးပြီး ထက်ခြမ်း ခြမ်းထားပါ)
  • သကြား ၁ ဇွန်း (ထမင်းစားဇွန်း)
  • အုန်းနို့ ၁ ဘူး ( နို့ဆီဘူး)
  • နံနံစေ့မှုန့် အနည်းငယ်
  • နံနံပင် အနည်းငယ် (ပါးပါးလှီးပါ)
  • ဂျင်း (ချင်း) လက်တစ်ဆစ်ခန့် (ဓားပြားရိုက်ပါ)
  • ကြက်သွန်ဖြူငရုတ်ဆီ ၁ ဇွန်း ( လက်ဖက်ရည်ဇွန်း)
  • ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ဆား အနည်းငယ်

ပြင်ဆင်ပြုလုပ်နည်း

  1. ဟင်းရည်ချက်မည့် အိုးထဲသို့ နှမ်းဆီထမင်းစားဇွန်း ၂ဇွန်းကိုထည့် ပြီး အပူပေးပါ ။
  2. ပြီးနောက် မုန်ညင်းရွက်များကို ထည့်ကာ ပဲငံပြာရည်ဖြင့် ကြော်ပါ ။ အရွက်များအိလျှင် ပန်းကန်သတ်သတ်ဖြင့် ဖယ်ထားပါ ။
  3. ပြီးနောက် ဟင်းချက်အိုးထဲတွင် ကျန်သော ဆီကျန်ပဲငံပြာရည်ကျန် လေးဖြင့် ရေစင်အောင် ဆေးပြီး ထက်ခြမ်းခြမ်းထားသော မှိုများကို ထည့် ကြော်ပါ ။ မှိုများကိုကြော်ပြီးရင် ပန်းကန်သတ်သတ်ဖြင့် ဖယ်ထားပါ ။
  4. အဆိုပါဟင်းချက်အိုးထဲသို့ အုန်းနို့ နို့ဆီဘူးတစ်ဘူးနှင့် ရေနို့ဆီ ဘူး နှစ်ဘူးကို ထည့်ကာ ဆူပွက်လာသည်အထိတည်ပါ ။
  5. အုန်းနို့ရည်ဆူပွက် လာလျှင် ငရုတ်ကောင်းမှုန့်၊ နံနံစေ့မှုန့်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးဆောစ့်၊ ဆားတို့ကို ထည့်ကာ နှံ့အောင် မွှေပြီး ပွက်ပွက်ဆူအောင် တည်ပါ ။
  6. ဆူပွက်နေသော အုန်းနို့အိုးထဲသို့ ကြော်ထားသော မုန်ညင်းထုပ် နှင့် မှိုများကိုရောထည့်လိုက်ပြီး ၃မိနစ်ခန့် အဖုံးပိတ်ကာတည်ပေးပြီး အပေါ် က နံနံပင်လေးအုပ်ပေးပြီးရင်တော့ အုန်းနို့နံ့မွှေးမွှေးလေးနဲ့ အရသာကောင်း မွန်လှတဲ့မုန်ညင်းထုပ်နဲ့ မှိုအုန်းနို့ချက်ဟင်းရည်ကို သုံးဆောင်နိုင်ပါပြီရှင် ။
Credit: သင်းသဒ္ဒါ

Review

User Rating

5 (2 Votes)