ငါး - Fish | ဟင်း - Curry

‪ဂျပန် ငါးဥ မကျည်းရည်ဟင်း

June 14, 2016

‪ဂျပန် ငါးဥ မကျည်းရည်ဟင်း

Share this on:

13453635_10154530245893132_212717087_n

2

3

ပါဝင်ပစ္စည်းများ ‪

  • ငါးဥငါး (ရှီရှားမိုးငါး)
  • ကြက်သွန်နီ‬ အကြီး ၁ လုံး
  • ကြက်သွန်ဖြူ ၃ မွှာ
  • ခရမ်းချဉ်သီး ၂ လုံး (ပါးပါးလှီးထားပါ)
  • နနွင်းမှုန့် အနည်းငယ်
  • အရောင်တင်မှုန့် အနည်းငယ်
  • ဆီ ၃ ဇွန်း (ထမင်းစားဇွန်း)
  • ဆား အနည်းငယ်
  • ငံပြာရည် အနည်းငယ်
  • မကျည်းနှစ် အနည်းငယ်
  • ငရုတ်သီးစိမ်း
  • နံနံပင်
  • ရေ
  • ဂျင်း အနည်းငယ်

Method

  1. ငါးများကို သန့်စင်ပြီး ဆား ၊ ဆနွင်း ၊ ငံပြာရည် နယ် ထားပါ ။ ‪
  2. ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ဂျင်း နှင့် အရောင်တင်မှုန့်  တို့ကို ညက်အောင်ထောင်းပါ ။
  3. ဒယ်အိုးထဲတွင် ဆီကို ပူအောင် တည်ပြီး ထောင်းထားသော ကြက်သွန်နှင့် အဆာပလာများကို ဆီသတ်ပါ ။
  4. ကြက်သွန်အရောင် ပြောင်းပြီး အနံ့မွှေးလာလျင် လှီးထားသော ခရမ်းချဉ်သီး ကိုထည့်ပါ ။
  5. ခရမ်းချဉ်သီး ညှိုးသွားလျင် ရေနွေးတခွက်ခန့် ထည့်ပြီး ဟင်းအနှစ်ဖြစ်အောင် မီးမီးအေးအေးနှင့် တည်ပြီး မကြာခဏ မွှေပေးပါ ။
  6. ဟင်းအနှစ်ဖြစ်လာလျင် မကျည်းနှစ် အနည်းငယ် နှင့် ငရုတ်သီးစိမ်း ကို ထည့်ပါ ။
  7. နောက်ဆုံးမှ ငါးကို ထည့်ပါ ။ ကြေလွယ်သောကြောင့် ဖြစ်ပါသည် ။ ငါးထည့်ပြီးလျင် အိုးအဖုံးကို အုပ်ထားပါ ။
  8. ၅မိနစ်ခန့် အတွင်း ငါးကြက်ပါပြီ ။ နံနံပင်အုပ်ပြီး မီးပိတ်ပြီး အရသာ အပေါ့အငံမြည်းရ်ျ သုံးဆောင်နိုင်ပါပြီ ။
  9. အချိုမှုန့် လုံးဝ မပါပါ ။ မိမိ နှစ်သက်က ထည့်နိုင်ပါသည် ။
My Food Myanmar

Review

User Rating

3.2 (5 Votes)