BBQ – Chicken

Share this on:

ပါဝင်ပစ္စည်းများ

  •  ကြက်ပေါင် - ၅ ခု
  • ခရမ်းချဉ်သီးဆော့ - တစ်ဝက် (စားပွဲတင်ပုလင်း)
  • ခရုဆီ - တစ်ဇွန်း (လက္ဘက်ရည်ဇွန်း)
  • ကြက်သွန်ဖြူကြိတ်ပြီးသား - အနည်းငယ်
  • ငရုပ်ကောင်းမှုန့် - အနည်းငယ်
  • ဆား - အနည်းငယ်
  • သကြား - အနည်းငယ်
  • ဟင်းချက်ဆီ (Cooking Oil) - အနည်းငယ်

ပြင်ဆင်ပြုလုပ်နည်း

  1. ပထမဦးစွာ ကြက်ပေါင်များကို ရေစင်အောင်ဆေးပြီး ဓားဖြင့် အနည်းငယ်မွှန်းပေးပြီး သကြား ၊ ဆား အနည်းငယ်နှင့် နယ်ထားပါ။
  2. ဇလုံအလွတ်တစ်လုံးထဲတွင် အထက်မှာဖော်ပြထားသော ပါဝင်ပစ္စည်းများအားလုံးကိုရောထည့်ပြီး ဆော့ပြုလုပ်ပြီး ကြက်ပေါင်များဖြင့်ရောနှယ်၍ ၁၅-မိနစ်ခန့် နှပ်ထားပါ ။  ထို့နောက် ဒယ်အိုးတစ်လုံးထဲသို့ ထည့်ပြီး ကြက်ပေါင်များရေမြုပ်ရုံ   ရေအနည်းငယ် ထည့်ပြီး မီးအေးအေးဖြင့် ချက်ပေးပါ ။
  3. ချက်နေစဉ် အပေါ့အငံမြည်းပေး၍ လိုအပ်သလို ပြင်ပါ ။  အရမ်းနူးသွားအောင်ချက်ရန် မလိုပါ ။  ရေတစ်ရည်ခမ်း၍ ဆီပြန်လာလျှင် မီးပိတ်ပြီး ကြက်ပေါင်များကို ဆယ်ယူပါ ။  အိုးထဲတွင် ကျန်ခဲ့သော ဆော့သည် ကြက်သားဖြင့် တို့စားလို့ အလွန်ကောင်းပါသည် ။
  4. ဆယ်ယူထားသော ကြက်ပေါင်များကို သံဇကာပေါ်တင်၍ မီးအေအေးဖြင့် တစ်ဖက်ဆီလှည့်၍ ကင်ပေးပါ ။ ကြက်သားက တစ်ရည်ခန်းအောင် ချက်ထား၍ အတွင်းသားများ ကျက်နေပါပြီ ။  အပြင်သားများသာ ပုံမှာပြထားသည့်အတိုင်း ဆီအနည်းငယ်သုပ်၍ အနံ့မွှေးလာသည်အထိ ကင်ပေးလျှင် အလွန်စားကောင်း၍ အရသာရှိသော BBQ-Chicken ကိုရပါပြီ ။ ကြက်သားချက်သောအခါ ကျန်သော ဆော့အနှစ်ဖြင့် တို့စားနိုင်ပါသည် ။
Credit: Z.TT

Review

User Rating

0 (0 Votes)