မုန့်ရေပါး

Share this on:

နေ့လည် Coffee & Tea Time အတွက် Special  မုန့်ရေပါး ။ Pizza လုပ်သလိုလေး ထွင်လုပ်ကြည့်တာ ။

ပါဝင်ပစ္စည်းများ

  • မွှေးတံဆိပ် ဆန်စိမ်းမှုန့် - ၁ ထုပ်
  • မွှေးတံဆိပ် ကော်မှုန့် - ၃ ဇွန်း (ထမင်းစားဇွန်း)
  • စားဆိုဒါ - အနည်းငယ်
  • ဆား - အနည်းငယ်
  • ရေ - ၁ လီတာ
  • ပဲပင်ပေါက်
  • ခရမ်းချဉ်သီး - ပါးပါးလှီး
  • ငရုတ်သီး - ပါးပါးလှီး
  • နံနံပင် - ပါးပါးလှီး
  • ကြက်သွန်မြိတ် - ပါးပါးလှီး
  • မဆလာ
  • ကြက်ဥ - ၂ လုံး

ပြုလုပ်နည်း

  1. မွှေးတံဆိပ်ဆန်စိမ်းမှုန့် ၊ မွှေးတံဆိပ်ကော်မှုန့် ၊ စားဆိုဒါ အနည်းငယ် ၊ ဆား အနည်းငယ် တို့ကို ရေ ၁ လီတာ နဲ့ ဖျော်ပြီး အချိန် ၂ နာရီ လောက်နှပ်ထားပါ ။
  2. ပဲပင်ပေါက် ၊ ခရမ်းချဉ်သီး ၊ ငရုတ်သီးစိမ်း ၊ နံနံပင် ၊ ကြက်သွန်မြိတ် တို့ကို ပါးပါးလှီးပြီး မဆလာ အဆင်သင့် ပြင်ထားပါ ။
  3. ဆီ၂၀ သားလောက် ဆီကျက် တည်ထားပါ ။ ကြက်ဥ ၂ လုံး ခလောက်ထားပါ ။
  4. မကပ်တဲ့ အိုးလေး ထဲမှာ ချက်ထားတဲ့ ဆီကျက်လေး အနည်းငယ် ထည့်ပြီး ဇွန်းကြီး ၁ ဇွန်းနဲ့ မုန့်ရည်ကို ခပ်ပြီး အိုးကို လှည့်ပေးပါ ။
  5. မုန့်ချပ်ဝိုင်း ပုံစံရအောင် မီးအေးအေးနဲ့ တည်ပါ ။ ပြီးလျှင် ကြက်ဥရည်လေး ထည့်ပြီး ဇွန်းလေးနဲ့ ညှိပေးပါ ။
  6. အဆာပလာ ထည့်အဖုံးလေး အုပ်တည်ပေးပါ ။ ဆီလိုရင် ဘေးကနေ အစက်ချပေးပါ ။
  7. မုန့်လေးကို ဇွန်းပြားလေးနဲ့ လှန်ကြည့်ပြီး မုန့်အောက်က ကျက်ရင်ရပါပြီ ။
** ကျမ ဒီနေ့ထွင်တာက မုန့်ရည်ထည့် Cheddar Cheese ထည့်ပြီး အပေါ်ကနေ အဆာပလာထည့် ကောက်ရိုးမှို ပါးပါးလှီးထည့်ပြီး မုန့်ကို လုပ်ပါတယ် ။ အစာအိခါနီးမှာ မုန့်အလယ်ခေါင်မှာ ကြက်ဥ ၁ လုံးထည့် အိုးအဖုံးလေး ခဏ အုပ်တည် လိုက်တာပါ ။ Pizza ဆန်ဆန်ပေါ့ရှင် ။ Coffee & Tea နဲ့ လိုက်ပါတယ် ။

Credit: Pearl Ko

Review

User Rating

4 (2 Votes)