‎မန္တလေးမုန့်တီ‬ နန်းကြီးသုပ်

Share this on:

‪ပါဝင်ပစ္စည်းများ‬

  • မုန့်ဖတ် – တစ်ပိဿာ
  • ကြက်သားရင်ပုံ  – တခြမ်း
  • ငါးဖယ်ခြစ် – တစ်ဆယ်သား
  • ဆီ – နှစ်ဆယ်သား
  • ကြက်သွန်နီ – ခြောက်လုးံ
  • ကြက်သွန်ဖြူ  –  နှစ်လုးံ
  • ဂျင်း
  • ပဲမှုန့် အကျက်
  • ပုဇွန်ငံပြာရည်
  • ဗာမာနံနံ
  • သံပုရာသီး
  • မုန့်လာထုပ်
  • ငြုပ်သီးကြော်
  • အချိုမှုန့်

I.  ‎ကြက်သား‬ ချက်ရန်

ကြက်သား ချက်ရန်2016-03-27 at 1.03.00 pm

 

  1. ‪‎ကြက်သားကို‬ သန့်စင်ပြီး ဆား ၊ ဆနွင်း ၊ ငံပြာရည် နဲ့  ရေနဲနဲ ထည့်ပြုပ်ပါ ။  ကျက်တော့ အသားနွှင် ထားပါ ။
  2.  အိုးထဲ ဆီထည့်ပြီး ဂျင်း ၊ ကြက်သွန်ဖြူ ထောင်းပြီး ၊ ဆနွင်း ၊ အရောင်တင်မှုန့် နဲ့  ဆီသက် ပေးပါ ။
  3. ဆီပြန်တော့ ရေ နို့ဆီဗူး တဗူးလောက် ထည့်ပြီး ဆူတော့ ငါးဖယ်ခြစ်ကို လုးံပြီးထည့် ပေးပါ ။
  4. ငါးဖယ် ကျက်တော့ အချိုငံ မြည်းပြီး ကြက်သားဟင်း မုန့်တီထဲ ထည့်ရန် ရပါပြီ ။ (ကြက်သားဟင်း က ဆီကျန် ရေကျန် လေး ချက်ပါ မည် မုန့်ထဲ ဟင်းရည် စမ်းရန် အတွက် ပါ )

II. ‎ဆီသက်ရန်‬

  1. အိုး ထဲ ဆီထည့်ပြီး ဆီ ကျက်တော့ ကြက်သွန်နီ သုးံလုးံ ပါးပါး လှီးပြီး ကြော်ပါ ။  ကျက်တော့ ဆယ်ထားပါ ။
  2. ကျန် ဆီ နဲ့ ဆနွင်း ဇွန်းသေး တစ်ဇွန်းခန့် ထည့်ပြီး ကြက်သွန်ဖြူ ထောင်း ဆီသက်ပါ ။
  3. အဖြူ ကျက်တော့  အရောင်တင်မှုန့် စတီးဇွန်း တစ်ဇွန်း ထည့်ပြီး မွှေပြီး မီးပိတ်ပါ ။ *အရောက်တင်မှုန့် တူးလျှင် အရောင် မလှပါ ။

III. ဟင်းချိုရည်‬

ဟင်းချိုရည် 2016-03-27 at 1.02.42 pm

  1. ရေ လိုသလောက် ထည့်ပြီး ဆူအောင် တည်ပါ ။
  2. ဆူတော့ ဂျင်း ၊  ကြက်သွန်ဖြူ ထောင်းထည့်ပါ ။
  3. ငါးဖယ်ကို လုးံပြီး ထည့်ပါ ။
  4. မုန့်လာထုပ် ပါးပါးညှပ် ထည့် နိုင်ပါသည် ။
  5. ဟင်းရည် ဆူတော့ ကျတော့ ငံပြာရည် အနဲငယ် အချိုငံ မြည်းပြီး ဗမာနံနံ ထည့် သုးံဆောင် နိုင်ပါသည် ။

IV.  အချဉ်လုပ်ရန်‬

အချဉ်လုပ်ရန်. 2016-03-27 at 1.03.18 pm

  1. ‪‎မုန့်လာထုပ်‬ ပါးပါးလှီးထားပါ ။
  2. ကြက်သွန်နီ ၊ မုန့်လာထုပ် ပါးပါး လှီးပြီး သံပုရာသီး ၊ ငံပြာရည် ၊ အချိုငံ ထည့်နယ်ပါ ။
  3. ဒါဆို ကြက်သွန်ချဉ် ရပါပြီ ။
  4. ပဲတီချဉ် ကတော့ ဒီအတိုင်း သုးံဆောင် နိုင်ပါသည် ။

V. ‎မုန့်ပွဲပြင်ရန်‬

မုန့်ပွဲပြင်ရန်2016-03-27 at 1.02.07 pm

  1. မုန့်တီဖတ် လိုသလောက် ထည့်ပြီး မုန့်လာထုပ် ၊ ပဲမှုန့်  ၊ြုငပ်သီးကြော် ၊ ငံပြာရည် ၊ အချိုမှုန့်  ၊ ဗမာနံနံ ၊ ကြက်သားဟင်း ၊ ဆီကျက် ကြက်သွန်နီ ကြော် အပေါ်က ဖြူးပေး လိုက်လျှင် လှပပြီး စားချင် သဖွယ် မန္တလေး နန်းကြီးသုပ်လေး သုးံဆောင် နိုင်ပါ သည် ရှင့် ။
  2. *(အိမ်မှာ လုပ်တဲ့နည်း လေးပါ ။တိုရ ပြုပ် ၊ ဘိုစားပဲသီးပြုပ် ထည့်လဲ စားကောင်း ပါသည် ။  အကြိုက် တူက ချက်နိုင်ရန် သိသလောက် လေး ရေးပေး ထားပါသည်ရှင့် )

Credit: Daw Suu Suu

Review

User Rating

3.4 (14 Votes)