ငုံးဥ အာလူးငပိချက်

Share this on:

ကြက်ဥ အားလူးသာ များသောအားဖြင့် ချက်စားကျတာများပါတယ် ။  ငုံးဥ နှင့် တစ်မျိုးလေး ပြောင်းချက်ထားတဲ့ အရသာလေးလဲ မြည်းစမ်းလို့ ရအောင် ရှယ်လိုက်ပါတယ် ။

13403118_828484900614927_5492102283110139520_o

ပါဝင်ပစ္စည်းများ 

  • ငုံးဥ  - ၁၂ လုံး (ပြုတ်ထားပြီး အခွံခွာထားပါ)
  • အာလူး  - ၂ လုံး (အခွံခွာပြီး အတုံးသေးလေးတွေတုံးထားပါ)
  • ဆား  -  တစ်ဝက် ဇွန်း (လက်ဖက်ဇွန်း)
  • ပင်စိမ်း  -  ၃ ပင် (ကြမ်းကြမ်းလေး ဖြတ်ထားပါ)
  • ဟင်းအနှစ်လုပ်ရန် ပါဝင်ပစ္စည်း (Curry Paste Ingredients) နနွင်းမှုန့်  -  ဇွန်း တစ်ဝက် (လက်ဖက်ဇွန်း)
  • ငပိစိမ်းစား  -  ၁ ဇွန်း (လက်ဖက်ဇွန်း)
  • ကြက်သွန်နီ  -  ၂ လုံး
  • ကြက်သွန်ဖြူ  -  ၃ တက်
  • ချင်း  -  ဇွန်း တစ်ဝက် (လက်ဖက်ဇွန်း)
  • ငရုတ်သီးခြောက် -  ၈ တောင့်
  • အရောင်တင်မှုန့်  -  ၁ ဇွန်း (လက်ဖက်ဇွန်း)
  • ငံပြာရည်  -  ၁ ဇွန်း (လက်ဖက်ဇွန်း)
  • ကြက်သားမှုန့်  -  ၁ ဇွန်း ခွဲ (လက်ဖက်ဇွန်း)
  • အသီးအရွက်ဆီ  -   ၂ ဇွန်း (စားပွဲဇွန်း)
  • ခရမ်းချဉ်သီး  -  ၂ လုံး ( ခတ်ကြမ်းကြမ်းလေး တွေ လှီးထားပါ)

ပြုလုပ်နည်း 

  1. ဟင်းအနှစ်လုပ်ရန် ငပိက လွဲလို့  ကျန်ပါဝင်ပစ္စည်းများ အားလုံး ကို ကြိတ်စက်ထဲ ထည့်ကြိတ်ပါ ။
  2. စောက်နက် အိုးထဲမှာ ဆီပူအောင် တည်ပါ ။  ဆီပူလာလျှင် ငပိကို အရင်မွှေးအောင် ဆီသတ်ပါ ။  ပြီးမှ ဟင်းအနှစ်များ ထည့်ပြီး ဆီသတ်ပါ ။  အနံ့သင်းမွှေးလာလျှင် အာလူးတုံးများ ထည့်ပြီး နှံ့အောင်မွှေပါ ။ ရေအနည်းငယ် ထည့်ပါ ။  မီးအနေတော်လောက်နဲ့  ၅ -၈ မိနစ်လောက် တည်ပါ ။
  3. အာလူး အနည်းငယ် နူးလျင် ငုံးဥများနှင့် ဆား ထည့်ပြီး ဆီကျန် ရေကျန် လာသည် အထိတည်ပါ ။  ဆား မြည်းပြီး လိုတာ ထပ်ထည့်ပါ ။  မီးဖိုပေါ်က မချခင် ပင်စိမ်း အုပ်ပါ ။  ထမင်းပူပူလေးဖြင့် အတူ တွဲသုံးဆောင်လို့ ရပါပြီ ။

Review

User Rating

4.7 (3 Votes)

author-avatar

Syi Lwin is a chef, food writer, food stylist, food developer and TV chef