အခုအိမ်မှာ မုန့်လက်ဆောင်းဖတ်ရော ဂျုံပူတင်း ရောလုပ်ပြီး အဆင်သင့်ရှိနေတော့ ဖာလူဒါ လုပ်နည်းလေးတင်ပေးမယ်နော်။ လုပ်နည်းလေးတွေက လွယ်ပါတယ်။ လူ ၇ ယောက်စာအတွက်ပါ။
ပါဝင်ပစ္စည်းများ
- ရေခဲ နှင့်သကြား – ၂၀၀ ဂရမ်
- အနီရောင် အစာဆိုးဆေး (Rose Syrup) နှင့်နွားနို့ ကျိုပြီးအပျစ် (Cream Milk) – လီတာဝက်
- သာကူစေ့ – လက်တဆုတ်စာ နှင့်မုန့်လက်ဆောင်းဖတ်
- ဂျုံပူတင်း (Flour Pudding) – ဖာလူဒါမှာသုံးရန်
- ရေခဲမုန့် – Ready Made နှင့်ရောင်စုံဂျယ်လီ
ပြုလုပ်နည်း
သကြားကို ရေလီတာဝက်ခန့် ထည့်ပြီး အရောင်အနည်းငယ်ထည့်ကာ ပျစ်လာအောင်ကျိုပါ။ အနီရောင် အစာဆိုးဆေး (Rose Syrups) အရည်လေး ၂ ဇွန်းခန့်ရောပါ။ အနံ့မွှေးစေရန် ဖြစ်ပါတယ်။
သာကူကိုလည်း မျက်စိပျောက်သည် အထိအရောင်ထည့်ပြီး ကျိုပါ။ ပြီးလျှင်ဇကာထဲ သွန်ပြီးရေအေးနှင့် ဆေးပေးပါ။ သာကူများ ကပ်မနေစေရန် ဖြစ်ပါတယ်။
့နို့ကိုလည်း ပျစ်ပျစ်ကျိုထားပါ။ ကျိုပြီးသားကို သုံးလည်းရပါတယ်။ ကြာကြာကျိုစရာတော့ မလိုတော့ဘူးပေါ့။ ကျိုပြီးရင် အအေးခံထားပါ။
ရောင်စုံ Ready Made ဂျယ်လီ လေးများကို အတုံးလေးများ လှီးထားပါ။ အိသက်တို့ဆိုင်မှာတော့ ကိုယ်တိုင်လုပ်တာပေါ့နော်။ လွယ်အောင်လို့။ အားလုံးစုံပြီဆိုရင် စပြင်ရအောင်။
အရင်ဆုံး သကြားရည် ၂ ဇွန်း (စားပွဲတင်ဇွန်း) ၊ ရေခဲထည့် ၊ မုန့်လက်ဆောင်းဖတ် ၂ ဇွန်း ၊ သာကူ ၁ ဇွန်း ၊ ပူတင်း ၁ ဖတ် ၊ ရေခဲမုန့် ၁ ဇွန်း ၊ နို့ ၅၀ ဂရမ် (အချိုပေါ့ချင်ရင် နို့ပိုထည့်ပါ)၊ ဂျယ်လီလေးများ အပေါ်က တင်ပြီးရင် ဖာလူဒါလေးရပါပြီ ။ အားလုံးအဆင်ပြေပြေ လုပ်နိုင်ပါစေနော်။
Credit: htetfamily