သင့်ရဲ့ မီးဖိုချောင်ထဲမှာ ကြွပ်ကြွပ်အိတ်တွေ၊ အမှိုက်အိတ်တွေနဲ့ ရှုပ်ပွနေလို့ စိတ်ညစ်နေပြီလား။ ဒီနည်းလမ်းလေးတွေကို အသုံးပြုလိုက်ပါ။ ပတ်ဝန်းကျင်ထိန်းသိမ်းရာလည်း ရောက်သလို သင့်ရဲ့ မီးဖိုချောင်လည်း သပ်သပ်ရပ်ရပ်နဲ့ သန့်သန့်ရှင်းရှင်းဖြစ်သွားမှာပဲ ဖြစ်ပါတယ်။

ဈေးသွားတဲ့အခါ ကိုယ်ပိုင်အိတ် (သို့) ဈေးခြင်းတောင်း သယ်သွားပါ

Source: Freepik

ဒီနည်းလမ်းကတော့ သင့်မီးဖိုချောင်ထဲမှာ အမှိုက်အိတ်တွေ ပွထမနေအောင် ညစ်ပတ်မနေအောင် ကူညီပေးမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် ပတ်ဝန်းကျင်ကို ထိန်းသိမ်းရာလည်း ရောက်ပါတယ်။ တစ်ခုသတိထားရမှာကတော့ အသားငါးနဲ့ ဟင်းသီးဟင်းရွက်တို့ကို တစ်ကန့်စီ ထည့်ထားဖို့ပါပဲ။ နို့မဟုတ်ရင် အသား ငါးထဲမှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယားတွေက ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတို့ဆီမှာ ကပ်ငြိသွားနိုင်ပါတယ်။

အမှန်တကယ် လိုအပ်သည့်အရာကိုပဲ ဝယ်ယူပါ

Source: ackontheweb.radio.com

အမှန်တကယ်လိုအပ်တာကိုပဲ ဝယ်တဲ့အခါ အစားအသောက်တွေ ပုပ်သိုးပျက်စီးသွားခြင်း၊ အပိုဝင်ငွေ မကုန်ခြင်း စတဲ့အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။ ဈေးမသွားခင်မှာ မိမိဝယ်ရမယ့် ပစ္စည်းတွေကို သေချာစာရင်းမှတ်သွားပြီး စာရင်းထဲမှာ မပါတဲ့ အစားအစာတွေကို လုံးဝ မဝယ်မိပါစေနဲ့။

ဟင်းသီးဟင်းရွက်နဲ့ သစ်သီးအခွံများကို ချက်ချင်းမလွှင့်ပစ်ပါနဲ့

Source: www.tasteofhome.com

ဟင်းသီးဟင်းရွက်နဲ့ သစ်သီးအခွံတွေရဲ့ အသုံးဝင်ပုံများကို ဖော်ပြပြီးပြီဖြစ်လို့ သူတို့ရဲ့အသုံးဝင်ပုံကို သိပြီးပြီဖြစ်မှာပါ။ ဒါ့ကြောင့် အခွံခွာပြီးပြီဆိုတာနဲ့ အမှိုက်ပုံးထဲ ချက်ချင်းမလွှင့်ပစ်လိုက်ပါနဲ့။ အာလူးခွံတို့ ပန်းသီးခွံတို့ဆိုရင် သင့် ကျန်းမာရေးအတွက် ကောင်းကောင်းကြီး အထောက်အပံ့ပေးနိုင်ပါတယ်။

တစ်သျှူးတွေအစား လက်သုတ်ပုဝါကို အသုံးပြုပါ

Source: thekitchn.com

တစ်သျှူးတွေကို တစ်ခါသုံးလိုက်၊ အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်ဆိုရင်တော့ အခြေအနေမကောင်းပါဘူး။ မီးဖိုချောင်ထဲမှာ အမှိုက်ပွမြန်သလို နေ့တိုင်းအမှိုက်သွားလွှင့်ပစ်နေရမှာဆိုတော့ အလုပ်ပိုနေပါလိမ့်မယ်။ လက်သုတ်ပုဝါပဲ အသုံးပြုပြီး ညစ်ပတ်သွားပြီဆိုမှ ထိုလက်သုတ်ကို လျှော်ဖွတ်ပစ်လိုက်ပါ။

ဖန်ပုလင်းများကို ရေဆေးပြီး ပြန်လည်အသုံးပြုပါ

Source: arahblooms.com

ယိုဗူးများ၊ ဆော့စ်ပုလင်းများကို အသုံးပြုပြီးပါက ရေဆေးပြီး ပြန်လည်အသုံးပြုတဲ့နည်းတွေကတော့ အိမ်ရှင်မတိုင်းအသုံးပြုတဲ့နည်းလမ်းကောင်းတစ်ခုပါပဲ။ ထိုဖန်ပုလင်းအလွတ်တွေကို ပြန်လည်အသုံးပြုခြင်းက အပိုဝင်ငွေမကုန်စေတဲ့ နည်းလမ်းတစ်ခုဆိုလည်း မမှားပါဘူး။