အားလုံးပဲ မင်္ဂလာပါနော်။ စာဖတ်သူတွေထဲမှာ အကင်ကြိုက်နှစ်သက်ကြတဲ့ Foodies လေးတွေ ရှိကြလား။ အားလပ်ရက်တွေမှာပဲဖြစ်ဖြစ်၊ ညနေခင်းလေးမှာ သူငယ်ချင်းတွေစုပြီး ပါတီပွဲလေး ကျင်းပတဲ့အခါ အသားကင်တွေကလည်း မပါမဖြစ်ပဲမဟုတ်ဘူးလား။

အိမ်မှာ အမြဲတမ်း အသားကင် လုပ်စားဖြစ်တယ်ဆိုရင် အကင်မီးဖိုလေးလည်း ဝယ်ထားသင့်သလို အောက်ခံအကင်ပြားလေးလည်း ဝယ်ထားသင့်တယ်နော်။

ဒီဆောင်းပါးလေးထဲမှာတော့ ဘာကြောင့် အောက်ခံအကင်ပြားကို ဝယ်ထားသင့်သလဲဆိုတာ ဖော်ပြပေးချင်ပါတယ်။

နံပါတ် ၁ အားသာချက်ကတော့ အလွယ်တကူ ဆေးကြောနိုင်လို့ပဲဖြစ်ပါတယ်။

အကင်ပြားကို အသုံးပြုပြီးသွားတိုင်းမှာ ထိုအကင်ပြားကို အိုးခွက်ပန်းကန်တွေ တိုက်ချွတ်ဆေးကြောသလိုမျိုးပဲ အလွယ်တကူ ဆေးကြောပစ်နိုင်ပါတယ်။ ဒါ့အပြင် အသားကင်တဲ့အချိန်ပဲ အသုံးဝင်တာမဟုတ်ပါဘူး။ ကိတ်မုန့်ဖုတ်တဲ့အခါမှာလည်း လင်ပန်းပေါ်တင်ထားပြီး အောက်ခံအပြားအနေနဲ့ အသုံးပြုနိုင်ပါသေးတယ်။

အသုံးပြုရ လွယ်ကူခြင်း

အောက်ခံအကင်ပြား အသုံးပြုခြင်းက အချိန်ကုန်လည်း သက်သာတဲ့အပြင် အကင်မီးဖိုနဲ့ အသားနဲ့ တိုက်ရိုက် မထိတွေ့နိုင်လို့ အလွှာတစ်လွှာခံထားတာကြောင့် သန့်သန့်ရှင်းရှင်းလေး စားသုံးနိုင်မှာပဲဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ ညီညွှတ်ခြင်း

ဒီအချက်လေးကလည်း စောစောက အချက်နဲ့ဆက်စပ်မှုရှိပါတယ်။ အသားကင်တွေကို သန့်သန့်ရှင်းရှင်းစားသုံးနိုင်တာကြောင့် ရောဂါဘယတွေ ဝင်ရောက်လာမှာကို စိုးရိမ်စရာမလိုတော့ပါဘူး။

သိမ်းဆည်းရ လွယ်ကူခြင်း

အသုံးပြုပြီးလို့ ဆေးကြောသန့်စင်ပြီးသွားတဲ့အခါ ထိုအကင်ပြားကို အိုးခွက်ပန်းကန်ပြားတွေနဲ့အတူ သိမ်းဆည်းထားနိုင်ပါတယ်။ အလွှာလေးက ပါးပါးလေးပဲဖြစ်တာကြောင့် သင့် မီးဖိုချောင်ထဲမှာ နေရာအကျယ်ကြီးယူမှာမဟုတ်ပါဘူး။

စိတ်ချယုံကြည်စွာ အသုံးပြုနိုင်ခြင်း

ထိုအောက်ခံပြားလေးတွေက ပါးပါးလေးပဲဆိုပြီး အထင်တော့ မသေးလိုက်ပါနဲ့။ သူတို့က အပူဒဏ်ကို ကြံ့ကြံ့ခံနိုင်ကြပါတယ်။ အပူချိန် ၅၀၀ ဒီဂရီအထိ ခံနိုင်အားကောင်းပါတယ်။ ပုံမှန်အကင် ကင်စားတဲ့အခါ အပူချိန် ၃၀၀ ကနေ ၄၀၀ ဒီဂရီအတွင်း အသုံးပြုကြပါတယ်။ ဒါ့ကြောင့် အသုံးပြုနေစဉ်အတွင်းမှာ အကင်ပြား ပျက်စီးသွားမှာ အရည်ပျော်ကျသွားမှာကို လုံးဝ စိတ်ပူစရာမလိုပါဘူး။

အဆင့်မြင့် စားသောက်ဆိုင်များတွင် ထိုအကင်ပြားကိုသာ အသုံးပြုကြခြင်း

တကယ့်အဆင့်မြင့် စားသောက်ဆိုင်ကြီးတွေမှာလည်း ထိုအောက်ခံပြားကို မဖြစ်မနေအသုံးပြုကြတဲ့အတွက်ကြောင့် သင့် မီးဖိုချောင်ကို အဆင့်မြင့်တင်ချင်တယ်ဆိုရင်တော့ ဒီအောက်ခံအကင်ပြားလေးက မပါမဖြစ်တဲ့ မီးဖိုချောင်သုံးပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။

Source: onegoodthingbyjillee.com