မီးဖိုချောင်ဝင်တိုင်း တစ်နေ့မဟုတ်တစ်နေ့ မတူညီတဲ့အခက်အခဲမျိုးစုံ ကြုံတွေ့ရတတ်ပါတယ်။ အဲ့ဒီလိုကြုံတွေ့ရတဲ့ ပြဿနာတိုင်းကို သေသေသပ်သပ်ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းအချို့ကို ဝေမျှပေးချင်ပါတယ်။

အစားအစာတွေ မကြာခဏပုပ်သိုးသွားတဲ့အဖြစ်မျိုး ကြုံတွေ့ရပါသလား။

ပုပ်သိုးလွယ်တဲ့အစားအစာမျိုးကို မမေ့မလျော့ဘဲ ဦးစားပေးစားဖို့ရန်အတွက် အရင်ဦးဆုံးစားရမယ့်အစားအစာများ ဆိုပြီး သေတ္တာငယ်လေးထဲထည့်ပြီးမှ ရေခဲသေတ္တာထဲ ထည့်ထားရပါမယ်။

ကိတ်မုန့်လှီးတဲ့အခါ ဓားပေါ်မှာ ကိတ်မုန့်မပေဖို့အတွက်

ဓားကို ရေနွေးပူနဲ့ အရင်ဆုံးဆေးပြီးမှ ကိတ်မုန့်လှီးဖြတ်လိုက်ပါ။ ဒါဆိုရင် ကိတ်မုန့်တွေ ကပ်နေမှာမဟုတ်တော့ပါဘူး။

ကြည်လင်တဲ့ ရေခဲတုံး ဖန်တီးချင်တဲ့အခါ

ရေကို ရေခဲတုံးမပြောင်းခင် အရင် ကျိုချက်လိုက်ပြီးမှ ရေခဲတုံးပုံစံခွက်ထဲ ထည့်လိုက်ပါ။ ပုံမှန်ရေခဲတုံးပုံစံမျိုးမဟုတ်ဘဲ ကြည်လင်ပြီး ဖောက်ထွင်းမြင်ရတဲ့ ရေခဲတုံးရရှိသွားပါလိမ့်မယ်။

သစ်သီးများကို အရည်များများရချင်တဲ့အခါ

သစ်သီးမလှီးခင် စားပွဲပေါ်မှာ အရင်ဆုံးလှိမ့်ပေးလိုက်ပါ။ ပုံမှန်ထက်ပိုပြီး အရည်များများရပါလိမ့်မယ်။

ဆော့စ်များ၊ အချဉ်ရည်များ ညှစ်ရခက်နေပါသလား

ကြည်ဥပုံစံခွက်ထဲမှာ အချဉ်ရည်ပုလင်းများ ဇောက်ထိုးမှောက်ထားပေးလိုက်ပါ။ ဟင်းချက်တဲ့အခါ ဆော့စ်များကို အားစိုက်ညှစ်စရာမလိုဘဲ သူ့အလိုလို အမြန်ထွက်ကျလာပါလိမ့်မယ်။

Oven ထဲထည့်ချက်တဲ့အခါ မတူးဖို့ရန်အတွက်

Oven ထဲ ထည့်ချက်တဲ့အခါ စားစာရာများ အတွင်းထဲမှာတော့ မကျက်သေးဘဲ အပေါ်ပိုင်းမှာ တူးသွားတတ်ပါတယ်။ အဲ့ဒီအခါ ခဲဖတ်လေးနဲ့ အုပ်ထားလိုက်ပါ။

ခရမ်းချဉ်သီးကို အလွယ်တကူအခွံခွာနိုင်မယ့် နည်းလမ်း

ခရမ်းချဉ်သီးရဲ့ ထိပ်ပိုင်းကို X ပုံသဏ္ဍာန် ဓားရာပေးထားပြီး ပွက်ပွက်ဆူနေတဲ့ရေထဲမှာ ၁၀ စက္ကန့် ထည့်ပြုတ်ထားလိုက်ပါ။ ဒါဆိုရင် ခရမ်းချဉ်သီးအခွံကို အလွယ်တကူခွာလို့ ရသွားပါပြီ။

ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများကို အအေးခံချင်တဲ့အခါ

ဟင်းချက်ခါနီးမှ လှီးဖြတ်တာမျိုးမဟုတ်ဘဲ အဆင်သင့်ချက်ပြုတ်ချင်တယ်ဆိုရင် ဟင်းသီးဟင်းရွက်များကို လှီးဖြတ်ထားပြီး အလုံပိတ်အိတ်ထဲမှာ လေမဝင်စေဘဲ ထည့်ပိတ်ထားပြီးနောက် ရေခဲသေတ္တာထဲ ထည့်ထားလိုက်ပါ။ စားစရာများ မနွမ်းသွားစေဘဲ လတ်လတ်ဆတ်ဆတ်ဖြစ်နေစေမှာပါ။

Source: Brightside.me