ကြက်သွန်ဖြူ အခွံခွာဖို့၊ ဂျင်းအခွံခွာဖို့ ဓားကို ချက်ချင်းရှာမရတဲ့အခါ အပူတပြင်းလိုက်ရှာစရာမလိုတော့ပါဘူး။ ဖရဲသီးတွေ လှီးဖြတ်မယ်ဆိုရင်လည်း အခွံထူထူကြီးကို အားနဲ့ မာန်နဲ့ လှီးဖြတ်စရာမလိုဘဲ လွယ်လွယ်ကူကူလှီးဖြတ်နိုင်ပါပြီ။ အခုဖော်ပြပေးမယ့်နည်းလမ်းလေးတွေကို အသုံးပြုလိုက်ရုံပါပဲ။

အိမ်ရှင်မတို့အတွက် အသုံးဝင်စေမယ့် နည်းလမ်းတွေကို အတူတူဆက်လေ့လာလိုက်ကြရအောင်။

စဉ်းနီတုံး မကြာခဏ လျှောကျနေပါသလား

ဓားထက်တိုင်း လှီးဖြတ်ရတာ အဆင်ပြေမှာမဟုတ်ပါဘူး။ စဉ်းနီတုံးက အထိုင်မငြိမ်ဘဲ ခဏခဏ လျှောကျနေမယ်ဆိုရင် သင့်အတွက်လည်း အန္တရာယ်များတာကြောင့် စဉ်းနီတုံးအောက်မှာ ရေစိုဝတ် ခံထားလိုက်ပါ။

ဖရဲသီးကို လွယ်လွယ်ကူကူနဲ့ အချိန်တိုအတွင်း ဘယ်လိုလှီးဖြတ်ရမလဲ

နွေရာသီ ရောက်လာပြီဆိုတော့ တချို့အိမ်တွေမှာ ဖရဲသီးဆောင်ထားတတ်ကြပါတယ်။ နွေရာသီရဲ့ အပူဒဏ်ကို ဖရဲသီးစားရင် အံတုကြရတာပေါ့။ ဒါဆိုရင် ပုံထဲကအတိုင်း ဖရဲသီးကို အမြောင်းလိုက် ဓားရာပေးကာ ခွဲချလိုက်ပါ။ ဖရဲသီးအခွံကို တကူးတကကြီးခွဲနေစရာ မလိုတော့ပါဘူး။

ကြက်ဥဖောက်ထည့်တဲ့အခါ ကြက်ဥအခွံ မတော်တဆ ခွက်ထဲကျသွားမယ်ဆိုရင်

လက် (သို့) ဇွန်းနဲ့ ခပ်ထုပ်စရာမလိုပါဘူး။ သူ့ရဲ့ ကြက်ဥအခွံနဲ့ပဲ ခပ်ထုပ်ပေးလိုက်လို့ရပါတယ်။

လိမ္မော်သီးကို လွယ်လွယ်ကူကူ အခွံခွာချင်တယ်ဆိုရင်

လိမ္မော်သီးရဲ့ ထပ်နှစ်ဖက်ကို ဓားနဲ့ လှီးဖြတ်ပြီးနောက် အသီးရဲ့ အလယ်တည့်တည့်ကို ဓားနဲ့ ခွဲချလိုက်ပါ။ ထို့နောက် အသီးရဲ့ အစွန်းနှစ်ဖက်ကို ပြန့်သွားအောင် ဆွဲခွာလိုက်ပါ။ ဒီအဆင့် (၄) ဆင့်နဲ့တင် လုံလောက်သွားပါပြီ။

ကြက်သွန်ဖြူကို စက္ကန့်ပိုင်းအတွင်း လွယ်လွယ်ကူကူအခွံခွာကြမယ်

အရင်ဆုံး ကြက်သွန်ဖြူတစ်လုံး (သို့) မိမိ ပြုလုပ်ချင်သော အလုံးအရေအတွက်ကို ပန်းကန်နဲ့ ဖိပြီး ကြက်သွန်အမြွှာလေးများ ပြန့်ကြဲသွားအောင် ပြုလုပ်လိုက်ပါ။ ထို့နောက် ပုလင်းတစ်လုံးထဲထည့်ပြီး အဖုံးပိတ်ကာ လှုပ်ရမ်းလိုက်ပါ။ ထို့နောက် ကြက်သွန်ဖြူအခွံနဲ့ အသားများကို သပ်သပ်စီခွဲပေးလိုက်ပါ။

ဇွန်း အသုံးပြုပြီး ဂျင်းကို အခွံခွာပေးလိုက်လို့ရပါတယ်။

ဖန်ပုလင်းအဖုံးတွေ အရမ်းကြပ်ပြီး ဖွင့်လို့မရတော့တဲ့အခါ

ရာဘာလက်အိတ် ဝတ်ပြီး အသာအယာလှည့်ဖွင့်ပေးလိုက်ပါ။

ခရမ်းချဉ်သီး (သို့) ချယ်ရီခရမ်းချဉ်သီး အများအပြားကို တစ်ချိန်တည်းမှာပဲ ထက်ခြမ်း ခြမ်းချင်တဲ့အခါ

ပုလင်းအဖုံး ၂ ခု လိုအပ်ပါမယ်။ ခရမ်းချဉ်သီးများကို အဖုံးတစ်ခုပေါ် အရင်တင်ထားပြီး အခြားတစ်ဖုံးကို အပေါ်ကနေ အသာအယာထိန်းထားလိုက်ပါ။ ထို့နောက် ဓားနဲ့ လှီးဖြတ်လိုက်ရုံပါပဲ။

ငါးကင်တဲ့အခါ အကင်ပြားပေါ်မှာ ငါးအသားများ ကပ်မသွားဖို့အတွက်

သံပုရာသီးကို အကွင်းလိုက် လှီးဖြတ်ပြီးနောက် အကင်ပြားပေါ် တင်လိုက်ပါ။ ထိုသံပုရာသီးအပေါ်မှာမှ ငါးကင်ပေးလိုက်ပါ။ ဒါဆိုရင် အကင်ပြားပေါ်မှာ ငါးကပ်မသွားမယ့်အပြင် သံပုရာသီးရဲ့ အချဉ်ဓာတ်ကလည်း အသားထဲစိမ့်ဝင်သွားမှာမို့လို့ ပိုအရသာရှိနေမှာပါ။

Source: Listotic.com