သင့်အနေနဲ့ မီးဖိုချောင်တွင်း မကြာခဏသုံးလေ့ရှိတဲ့ ပစ္စည်းများကိုအသုံးပြုပြီး အချိန်ကုန်သက်သာစေမည့် နည်းလမ်းများကို ပြုလုပ်သင့်ပါတယ်။

၁။ သစ်သီးဖျော်စက် သန့်ရှင်းရေးပြုလုပ်နည်း

စာရေးဆရာ Jill Grimes နဲ့ သမားတော်များ အကြံပြုထားတဲ့ သစ်သီးဖျော်စက်သန့်ရှင်းနည်းကို ဖော်ပြချင်ပါတယ်။ သစ်သီးဖျော်စက်ထဲမှ ဖျော်ရည်ကို ခွက်ထဲသို့လောင်းထည့်ပြီးပါက ပန်ကန်ဆေးဆပ်ပြာဆီ (၁) စက်ခန့်နဲ့ ရေအတန်ငယ်ထည့်ပြီး မူလစက်ပေါ်သို့ပြန်တင်၍ စက္ကန့် (၂၀) ခန့်မွှေပေးပါ။ ထို့နောက် ရေလောင်းချပြီး သစ်သီးဖျော်စက်တစ်ခုလုံး သန့်ရှင်းသွားမှာ ဖြစ်ပါတယ်။

၂။ မိုက်ခရိုဝေ့ဗ် (အလုံပိတ်မီးဖို) အလွယ်တကူ သန့်ရှင်းနည်း

မိုက်ခရိုဝေ့ဗ် (အလုံပိတ်မီးဖို) အလွယ်သန့်ရှင်းနည်းကတော့ မီးဖိုထဲသို့ ရေစိုစက္ကူ လက်တစ်ဆုပ်စာ ထည့်ပြီး ၃ မိနစ်မှ ၅ မိနစ်ခန့်အထိ အပူချိန်အမြင့်ဆုံးနဲ့ ထားရမှာဖြစ်ပါတယ်။ စက္ကူစမှ ရေငွေ့များက ချေးညော်များကို ပျော့ပြောင်းလာစေမှာဖြစ်ပါတယ်။ ဒါ့အပြင် စက္ကူစ အအေးခံပြီးတာနဲ့ အတွင်းပိုင်းတွေကို သုတ်လို့ရပါသေးတယ်။

၃။ အနံ့အချို့ဖယ်ထုတ်လိုချင်တယ်ဆိုရင်တော့ ရေ ၁ ခွက်၊ သံပုရိုရည် ၁/၂ ခွက်တို့ကို ပန်းကန်လုံးထဲမှာ ရောစပ်ပြီး ၃ မိနစ်မှ ၅ မိနစ်ခန့်အထိ အပူချိန်အမြင့်ဆုံးနဲ့ ထားရမှာဖြစ်ပါတယ်။ မီးဖိုထဲမှာ ထိုခွက်ကို ဖယ်မထုတ်ခင် ၅ မိနစ်မှ ၁၀ မိနစ်ခန့်အထိ မီးဖိုထဲမှာ ဆက်လက်ထားရှိရမှာဖြစ်ပါတယ်။

၄။ ကော်ဖီအိုး သန့်ရှင်းရေးပြုလုပ်နည်း

ကော်ဖီဖျော်စက်တွေမှာအသုံးပြုတဲ့ခွက်တွေက အချိန်ကြာလာသည်နှင့်အမျှ အညိုရောင် အဖုအပိန့် အစက်အပျောက်များ အလွယ်တကူထွက်လာနိုင်ပါတယ်။ အထူးသဖြင့် အသုံးမပြုဘဲ အချိန်ကြာကြာထားမိပါက ပို၍ ဖြစ်လွယ်တာကို တွေ့ရပါတယ်။ ထိုအကွက်တွေကို လျင်လျင်မြန်မြန်ပျောက်ဖို့ ရေခဲတုံးအနည်းငယ်၊ ဆားနဲ့ သံပုရိုသီးတို့အသုံးပြုနိုင်ပါတယ်။ ပထမဆုံး ရေနွေးအိုးထဲသို့ ရေခဲ လေးပုံတစ်ပုံခန့်ထည့်ပါ။ သံပရိုသီးအား လေးစိတ်ကွဲခွဲ၍ နှစ်စိတ်ခန့်ကို အိုးထဲသို့ ညှစ်ထည့်ပါ။ ဆားကို စားပွဲတင်ဇွန်းနှစ်ဇွန်းခန့်ထည့်ပါ။ ထို့နောက်အိုးထဲရှိ ဖျော်ရည်ကို ၂ မိနစ်ခန့်မွှေနေစဉ်အတွင်း အိုးအတွင်းရှိ အညစ်အကြေးများ လျင်လျင်မြန်မြန် သန့်ရှင်းသွားသည်ကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ အညစ်အကြေးများ သန့်ရှင်းသွားပါက ရေလောင်း၍ ဆေးကြောနိုင်ပြီဖြစ်ပါတယ်။

၅။ သံကြွပ်ဒယ်အိုးအား သန့်ရှင်းရေးပြုလုပ်နည်း

သံကြွပ်ဒယ်အိုးရဲ့ ဆီဝနေတဲ့ မျက်နှာပြင်ကိုထိန်းသိမ်းနိုင်ဖို့ ဆပ်ပြာဆီ မသုံးရန်နှင့် ပွတ်တိုက်ခြင်းမပြုလုပ်ရန် စားဖိုမှုးများသတိထားလေ့ရှိပါတယ်။ ထိုဒယ်အိုးများကို သန့်ရှင်းရေးပြုလုပ်လိုပါက ဆားကို အသုံးပြုလို့ရပါတယ်။ စက္ကူစပေါ်တွင် ဆားအနည်းငယ်ဖြူးပြီးဒယ်အိုးမျက်နှာပြင်ကို ပွတ်၍ ရေဆေးခြင်းဖြင့် သန့်ရှင်းနိုင်ပါတယ်။ ထို့နောက် ဒယ်အိုးမျက်နှာပြင်ကို ဆီပြန်လည်သုတ်ခြင်းဖြင့် ပြန်လည်ထိန်းသိမ်းနိုင်ပါတယ်။

၆။ ကော်ဖီအမှုန့်ကြိတ်စက်အား သန့်ရှင်းနည်း

သင့်အနေဖြင့် အမှုန့်ကြိတ်စက်အား ကော်ဖီစေ့အစား အခြားပစ္စည်းများကို အမှုန့်ကြိတ်လေ့ရှိတယ်ဆိုရင်ဖြင့်မချက်ပြုတ်ရသေးသည့် ဆန်စေ့လက်တစ်ဆုပ်စာကို ကော်ဖီအစေ့ကြိတ်စက်ထဲသို့ထည့်၍ ကြိတ်ပါက အလွယ်တကူသန့်ရှင်းစေမှာ ဖြစ်ပါတယ်။ငရုတ်ကောင်းမှုန့်၊ လေးညှင့်ပွင့် စတဲ့ အနံ့တွေက အလွယ်တကူ မပျောက်လွယ်တဲ့အတွက် ကော်ဖီကျွမ်းကျင်သူအချို့ကတော့ ဟင်းခတ်အမွှေးအကြိုင်များ ထည့်မကြိတ်ရန် အကြံပြုကြပါတယ်။

၇။ဒိန်ခဲပြုလုပ်သည့် အပူခံ သံပြားအား သန့်ရှင်းနည်း

အပူခံပြားရှိ သေးငယ်သည့်အပေါက်လေးများမှ အမှုန်များကိုလွယ်ကူစွာဖယ်ထုတ်နိုင်ရန် သန့်ရှင်းသည့် ဝက်မှင်ဘီး(brush) တစ်ခုထားပါ။၎င်းနည်းကို အသုံးပြုခြင်းဖြင့် အပူခံသံပြားနှစ်ဖက်လုံးကို သိသိသာသာ သန့်ရှင်းလာစေမှာဖြစ်ပါတယ်။

၈။ အမှိုက်သရိုက်များကို ပိုးသတ်ခြင်း

ရှာလကာရည်နှင့် ရေ အချိုးကျရောစပ်ပြုလုပ်ထားသည့် ရေခဲများကိုသုံး၍ အညစ်အကြေးများနှင့် စွန့်ပစ်ပစ္စည်းများ၏ အနံ့ဆိုးများကို ဖယ်ရှားသန့်စင် နိုင်ပါသည်။

၉။ ကော်ဖီခွက်ဆေးကြောခြင်း

တရုပ်နိုင်ငံထုတ်ကော်ဖီခွက်များတွင် ကြေးညှော်များကပ်တင်ခြင်းကို ရှာလကာရည်နှင့် ဆား အချိုးကျရောစပ်၍ ပွတ်ပေးခြင်းဖြင့် သန့်စင်နိုင်ပါသည်။