ရွာက ဦးလေးက မျှစ်တွေပေါ်နေပြီမို့ ယူလာပေးတာနဲ့ ဈေးသွားရင်း ငါးကြင်းလတ်လတ်ဆတ်ဆတ်တွေ့တာနဲ့ ငါးပေါင်းထုပ်လေး လုပ်စားပါတယ်။
ပါဝင်ပစ္စည်းများ
- မျှစ် (ပြုတ်ပြီးသာ)
- ငါးကြင်း
- ငရုပ်သီးမှုန့်
- ဆီ
- ကြက်သွန်နီ
- နနွင်းမှုန့်
- ယိုးဒယားမယ်အကြော်မှုန့်
- ဆား
- အရသာမှုန့်
- ဆီ
- ရဲယိုရွက်
ပြုလုပ်နည်း
- ရဲယိုရွက်ကို ရေဆေးပြီး စစ်ထားပါ ။ မျှစ်ပြုတ်ပြီးသာတွေကို အမျှင်လေးများ စိတ်ထားပါ ။ ကြက်သွန်နီကို အဝိုင်းလေးများ စိတ်ထားပါ ။
- ငါးကြင်းကို အရိုးထုတ်ဓားကွေး (သို့) ရိုးရိုးဓားဖြင့် ငါးအသားများကို နွှာပေးပါ။ အရေခွံပါ ဖယ်ပေးပါ ။ ပြီးလျှင် အတုံးသေးသေး တုံးထားပါ ။ တုံးထားသော ငါးများကို ငရုတ်သီး နှင့် ဟင်းခတ်အမွှေးအကြိုင်တို့နဲ့ ရောပြီး ဆီသတ် ချက်ပါ။
- ကျက်ရင် မျှစ် ၊ ကြက်သွန်နီ ၊ နနွင်းမှုန့် ၊ ယိုးဒယားမယ်အကြော်မှုန့် ၊ ဆား ၊ အရသာမှုန့် ၊ ဆီ ၊ ရေအနည်းငယ်တို့ထည့်ပြီး သမအောင်မွှေပါ ။
- ပြီးရင် ရဲယိုရွက်နဲ့ ထုပ်ပါ ။ နှစ်ထပ်ဒယ်အိုးနဲ့ပေါင်းပြီး 15/20မိနစ်လောက်ဆို စားလို့ရပါပြီ။
Credit: Naing Naing