ဒီတစ်ခါမှာတော့ အလှူမင်္ဂလာပွဲတွေမှာ လုပ်လေ့ရှိတဲ့ ငှက်ပျောသီး ဆနွင်းမကင်းလုပ်နည်းလေးကို ဖော်ပြပေးချင်ပါတယ်။ အလွယ်တကူရှာတွေ့နိုင်တဲ့ ငှက်ပျောသီးကို အသုံးပြုပြီး လုပ်ရမှာဆိုတော့ ခေါင်းစားနေစရာမလိုတော့ဘူးပေါ့။
ပါဝင်ပစ္စည်းများ
သီးမွှေး ၁၀လုံး
အုန်းနို့ ဘူးကြီး တဝက်
ရွှေကြည် ၆ ဇွန်းခန့်
ဂျုံမှုန့်
သကြား ၁၀/၁၁ဇွန်း (အချိုအနေအထားစိတ်ကြိုက်ပြင်ပါ။)
ထောပတ် ၅ဇွန်း
ဆား အနည်းငယ်
Food Colour ၁စက်
ဘိန်းစေ့ အနည်းငယ်
ပြုလုပ်နည်း
ငှက်ပျောသီးကို ကြေအောင် လက်နှင့် ချေပါ။ ဘိန်းစေ့နှင့် Food Colour မှ လွဲ၍ အကုန် ထည့်မွှေပါ နှံ့သွားရင် အရောင် ထည့်မွှေပါ။
ဖုတ်မဲ့ ဇလုံကို ထောပတ်သုတ်ပြီး ပြောင်းထည့်ပါ။ ဘိန်းစေ့ ဖြူးပါ။ အပူချိန် ၁၆၀နဲ့ မိနစ် ၄၅မိနစ်ခန့် ဖုတ်ပါ။
Credit: ချက်ကြည့်ကြစို့