ကောက်ညှင်းပေါင်း ပျော့ပျော့လးကို ပြန်ထောင်းပြီး ဌက်ပျောရွက်ဖြင့် ပတ်ပြီး မီးသွေးမီး (သို့) ဂတ်စ် နဲ့ အကင် ဇကာပေါ်မှာ တင်ကင်ပါ ။  အနံလေးမွှေးပြီး ကောက်ညှင်း ကျက်ပြီး ကျွတ်ရင်ရပါပြီ ။ ကင်ပြီးသား ကောက်ညင်း ကျွတ်ကျွတ်လေးကို ကတ်ကျေးလေး နဲ့ အချောင်းလေးတွေ ညှပ်ပြီး ထန်းလျက်ရည် ပြစ်ပြစ်လေးနဲ့ တို့စားလျင် အရမ်းကောင်းပါတယ် ။

26

25,3

ပါဝင်ပစ္စည်းများ

  • ကောက်ညှင်း – ၂ ခွက် (ပေါင်းထားပြီးသား)
  • ဆား – ၁ ဇွန်း ခွဲ လက်ဖက်ဇွန်း
  • နှမ်း – ၅ ဇွန်း စားပွဲဇွန်း (မှုန့်ညက်အောင်ထောင်းထားသော အမှုန့်)
  • ဌက်ပျောရွက် လိုသလောက်  (အရွက်တွေ ဆီသုပ်ထားပါ)
  • ဆီ – လိုသလောက်
  • ထန်းလျက်ရည် – လိုသလောက်
  • အုန်းသီးခြစ်ပြီးသား – အနည်းငယ်
  • နှမ်းလှော်မှုန့် – အနည်းငယ်

ပြင်ဆင်ပြုလုပ်နည်း

  1. ပေါင်းထားသော ကောက်ညင်းကို ဆား ၊ နှမ်း ၊ ဆီ ၁ ဇွန်း ခွဲလောက်နဲ့  နှံ့အောင် အသေချာ နယ်ပါ။
  2. ငရုတ်ဆုံ အကြီးကြီးကို ဆီသုပ်ပါ။  ပြီးတော့ ကောက်ညှင်းကို လက်တစ်ဆုပ်လောက်ပဲ ထည့်ပြီး ညက်အောင်ထောင်းပါ။
  3. ဌက်ပျောရွက်ကို လက် ၂ ထွာလောက် အရှည်ပိုင်းထားပါ ။   ဆီရွှဲနေအောင် သုပ်ထားပါ။
  4. ထောင်းထားသော ကောက်ညှင်းကို လက်ဝါးပြားလောက် အပြားလေးတွေ ပြားပြီး ဆီသုပ်ထားတဲ့ ဌက်ပျောရွက်ပေါ် တင်ပြီး ဌက်ပျောရွက် တစ်ဖက်မှ အစနဲ့ ပြန်အုပ်ပြီး ဂက်(စ်)မီးဖို (သို့) မီးသွေးမီးဖိုပေါ်တင်ပြီး တစ်ဖက်ကင်ပြီး အရွက်တွေ မီးကျွမ်းလာလျင် နောက်တစ်ဖက် လှည့်ပေးပါ ။   အနံမွေးပြီး ကောက်ညှင်း အနည်းငယ် ကျွတ်လာလျင် ရပါပြီး ။   ဌက်ပျောရွက်များ ဖယ်ပြီး ပူပူလေး အချောင်းလိုက်လေးတွေ ညပ်ပြီး ခြစ်ထားသော အုန်းသီးခြစ် ၊ နှမ်းလှော်မှုန့်  နှင့် ထလျက်ရည်ပြစ်ပြစ်ဖြင့် တို့စားလျှင် အင်မတန် လိုက်ဖက်ပါတယ်။

Credit: Syilwin Foodsgarden