ပါဝင်ပစ္စည်းများ
- ပဲကြီး ၂၀ သား
- ဆူးပုတ် အနည်းငယ်
- ကြက်သွန်နီ တဝက် (ပါးပါးလှီးထားပါ)
- နနွင်းမှုန့်
- ဆား
- ရေ
ပြုလုပ်နည်း
- ပဲကြီး၊ ကြက်သွန်နီ၊ နနွင်းမှုန့်၊ ဆားတို့ကို အိုးထဲတွင်ထည့်၍ ရေကို ဖုံးရုံသာထည့်၍ မီးအေးအေးဖြင့် တည်ပါ။
- ပဲကြီး နူးပြီး ပဲများ အနည်းငယ်ကွဲလာသည်အထိ တည်ထားပါ။
- ပဲကြီး ဟင်းရည်၏ အရသာ အပေါ့အငံ မြည်း၍ အအနေတော် ဖြစ်လျင် ဆူးပုတ်ရွက်ကို အုပ်ပြီး မီးဖိုမီးကို ပိတ်ပါ။
- သုံးဆောင်ရန် အစဉ်သင့် ဖြစ်ပါပြီ။
- အချိုမှုန့် လုံးဝ မပါပါ။ မိမိ နှစ်သက်က ထည့်နိုင်ပါသည်။
MyFood Myanmar