ပါဝင်ပစ္စည်းများ
- ဘန်းဆိုဒ် – ၉+ ၁၁ လက်မ
- ဌက်ပျောသီး – ၁၇ လုံး (အရွယ်တော်)
- ဂျုံမှုန့် – ၁၀ ကျပ်သား (160g)
- အုန်းသီး – ၁လုံး (အမှုန့်ခြစ်ထားပါ)
- သကြား – ၂၀ ကျပ်သား( အချိူမကြိုက်ရင်လျှော့ပါ) (320 g)
- ထောပတ် – ၁၀ ကျပ်သား (160g)
- နို့မှုန့် (pep) – ၂ထုပ် (30 g)
- ဆား – ၁ဇွန်း (လက်ဖက်ရည်ဇွန်း)
- ဘိန်းစေ့ နဲ့ Food Colour(နီ) – အနည်းငယ်
- ရွှေကြည်မှုန့် – ၅ဇွန်း (ထမင်းစားဇွန်း)
ပြင်ဆင်ပြုလုပ်နည်း
- ငှက်ပျောသီး ကိုကြေအောင်ချေထားပါ။ ဂျုံ ၊ ထောပတ်၊ သကြား၊ အုန်းသီးမှုန့်၊ နို့မှုန့် ၊ ဆား ၊ ရွှေကြည် ထည့်ပြီး အားလုံး သမသွားအောင် ရောနယ်ပါ။ အရောင် လိုသလောက်ထည့်ပြီး နှံ့အောင်နယ်ပါ။ (Food Colour မထည့်လဲရပါတယ်)
- ဖုတ်မယ့်ဘန်းကို ထောပတ်သုတ်ပြီး မုန့်နှစ်လောင်းထည့် အပေါ်ယံညီအောင် ထောပတ် ၂ဇွန်းလောက် ဆမ်းပြီး ညှိပေးပါ။ ပြီးရင် ဘိန်းစေ့ဖြူးပြီး အပူချိန်၂၀ဝံ စင်တီဂရိတ်နဲ့ အပေါ်မီး များများ အောက်မီးနဲနဲ နဲ့ မိနစ် ၄၀လောက် ဖုတ်ပေးပါ။ (အောက်မီး ကို ၁၀မိနစ်လောက်ပဲ ပေးပါတယ်)
- မိနစ် ၃၀ လောက်နေရင် ဓားချွန်လေးနဲ့ ထိုးကြည့်ပြီး မုန့်နှစ်ကပ်မပါလာတော့ရင် ကျက်ပါပြီ အပေါ်ယံ နီလာအောင် ၁၀ မိနစ်လောက် ထပ်ထားပြီးရင် ရပါပြီ။ အအေးခံပြီးမှ ကြိုက်ရာပုံဖြတ်လို့ရပါပြီ။
Credit: Lin Thawdar