ပါဝင်ပစ္စည်း‬များ

  • ဘန်းဆိုဒ် – ၉+ ၁၁ လက်မ
  • ဌက်ပျောသီး – ၁၇ လုံး (အရွယ်တော်)
  • ဂျုံမှုန့် – ၁၀ ကျပ်သား (160g)
  • အုန်းသီး – ၁လုံး (အမှုန့်ခြစ်ထားပါ)
  • သကြား – ၂၀ ကျပ်သား( အချိူမကြိုက်ရင်လျှော့ပါ) (320 g)

  • ထောပတ် – ၁၀ ကျပ်သား (160g)
  • နို့မှုန့် (pep) – ၂ထုပ် (30 g)
  • ဆား – ၁ဇွန်း (လက်ဖက်ရည်ဇွန်း)
  • ဘိန်းစေ့ နဲ့ Food Colour(နီ) – အနည်းငယ်
  • ရွှေကြည်မှုန့် – ၅ဇွန်း (ထမင်းစားဇွန်း)

ပြင်ဆင်ပြုလုပ်နည်း

  • ငှက်ပျောသီး ကိုကြေအောင်ချေထားပါ။ ဂျုံ ၊ ထောပတ်၊ သကြား၊ အုန်းသီးမှုန့်၊ နို့မှုန့် ၊ ဆား ၊ ရွှေကြည် ထည့်ပြီး အားလုံး သမသွားအောင် ရောနယ်ပါ။ အရောင် လိုသလောက်ထည့်ပြီး နှံ့အောင်နယ်ပါ။ (Food Colour မထည့်လဲရပါတယ်)
  • ဖုတ်မယ့်ဘန်းကို ထောပတ်သုတ်ပြီး မုန့်နှစ်လောင်းထည့် အပေါ်ယံညီအောင် ထောပတ် ၂ဇွန်းလောက် ဆမ်းပြီး ညှိပေးပါ။ ပြီးရင် ဘိန်းစေ့ဖြူးပြီး အပူချိန်၂၀ဝံ စင်တီဂရိတ်နဲ့ အပေါ်မီး များများ အောက်မီးနဲနဲ နဲ့ မိနစ် ၄၀လောက် ဖုတ်ပေးပါ။ (အောက်မီး ကို ၁၀မိနစ်လောက်ပဲ ပေးပါတယ်)
  • မိနစ် ၃၀ လောက်နေရင် ဓားချွန်လေးနဲ့ ထိုးကြည့်ပြီး မုန့်နှစ်ကပ်မပါလာတော့ရင် ကျက်ပါပြီ အပေါ်ယံ နီလာအောင် ၁၀ မိနစ်လောက် ထပ်ထားပြီးရင် ရပါပြီ။ အအေးခံပြီးမှ ကြိုက်ရာပုံဖြတ်လို့ရပါပြီ။

Credit: Lin Thawdar