မုန့်ဟင်းခါးနဲ့ စားဖို့ ပဲကပ်ကြော်မွမွလေးပါ။
ပါဝင်ပစ္စည်းများ
- ကုလားပဲ၊ ရေ
- ကောက်ညှင်း – ၂ ဇွန်း
- ဆန်ကြမ်း – ၄ ဇွန်း
- ဂျုံမှုန့် – ၂ ဇွန်း (ဟင်းစားဇွန်း)
- ဆား – သင့်ရုံ၊ ဆော်ဒါ (အနည်းငယ်)
ပြုလုပ်နည်း
ကုလားပဲလေးတွေကို ရေစင်အောင် ဆေးကာ ရေသင့်ရုံ ထည့်၍ ၆ နာရီကျော် နူးလာအောင် စိမ်ထားပေးပါ။ ရေ အရမ်းများသွားလျှင် အချိုပေါ့သွားတတ်လို့ပါ။
ကောက်ညှင်း၂ ဇွန်း၊ ဆန်ကြမ်း ၄ ဇွန်း၊ ဂျုံမှုန့် ၂ ဇွန်း (ဟင်းစားဇွန်း) ၊ ဆားသင့်ရုံ ၊ ဆော်ဒါ (အနည်းငယ်) ဖြင့် ရေ မပျစ်မကျဲလွန်း အနေရအောင် ဖျော်ထားပေးပြီး ပဲလေးများထည့်ပါ။
နာရီဝက်လောက် ထားကာ မီးအနေတော်မှာ ကြော်ပါ။ ချိုချိုမွမွ အရသာ ရှိလှတဲ့ ပဲကပ်ကြော်လေးကို စားလို့ရပါပြီ။
Credit: Soe’s Cooking Collection