ငယ်ငယ်ကတော့ အမေက သားသမီးတွေကို ကျောင်းအားရက်မှာ လုပ်ကျွေးခဲ့တယ်။ အခုတော့ ရုံးအားရက်ဆိုရင် အမေနဲ့ အဘကို ပြန်ပြီးလုပ်ကျွေးပါတယ်။ အသက် ၈၀ကျော် မိဘ ၂ပါးအတွက် မုန့်ပြစ်သလက်က ပျော့ပြောင်း နူးညံ့ပြီး ဝါးရလည်း လွယ်ပါတယ်။
အရင်ကတော့ အမေ့မှာ ဆုံမှာ ဆန်ကြိတ်ပြီး ကြိတ်လာတဲ့ ဆန်တွေ ရေစိမ်နဲ့ အလုပ်များပါ့ ။ အခုတော့ ဆန်မှုန့်အထုတ်ထဲက အမှုန့် ရေစိမ်ယုံဘဲ ဆိုတော့ ခဏခဏ လုပ်စားဖြစ်ပါတယ်။ အိမ်မှာလုပ်စားတော့ ဆီသန့်သန့်လေးနဲ့ စားရတာပေါ့။ မုန့်ပြစ်သလက်ကို အဘက နှမ်းထောင်းနဲ့ အမေကတော့ ပဲဆီစစ်စစ်ကို ဆားထည့်ပြီး တို့စားရတာ ကြိုက်ကြတယ်။ မြန်မာမုန့်ထဲက အနှစ်သက်ဆုံး မုန့်ပါပဲ။ လုပ်နီးလေးကို မျှဝေလိုက်ပါတယ်။
မုန့်ပြစ်သလက် (၂၅/၂၈) ခြပ်
ပါဝင်ပစ္စည်းများ
- ဆန်မှုန့်  – ၅ ခွက်
- YEAST – ၂ ဇွန်း ခွဲ (လက်ဖက်ရည်ဇွန်း)
- ဆား – ၁ ဇွန်း ခွဲ (လက်ဖက်ရည်ဇွန်း)
- ရေ – ၆ ခွက်
- နံနံပင် – ၁ ခွက်(ပါးပါးလှီး)
- ကြက်သွန်မြိတ် – ၁ ခွက်(ပါးပါးလှီး)
- ပဲပြုတ် – ၂ ခွက်
- ဆီ
ပြုလုပ်နည်း
ဆန်မှုန့် ၊ ဆား ၊ YEAST နှင့် ရေ တို့ကို နှံ့အောင်နယ်ရ်ျ အရည်ဖျော်ပြီး ရေခဲသေတ္တာထဲတွင် တညထားပါ။ မနက် စားရန် အတွက် မုန့်နှစ် ညကတဲက ဖျော်ထားမှကောင်းပါသည်။ ညနေခင်း စားမည်ဆိုလျင်လည်း မနက် အစောပိုင်းမှ မုန့်နှစ်ကို ဖျော်ထားရပါမည်။
မကပ်သော ဒယ်အိုးအသေးကို ဆီ အနည်းငယ် သုပ်ပြီး မီး အပူပေးပါ။ မီးဖို၏ မီးက အရေးကြီးပါသည်။ မပူလွန်းသောမီး ၊ မီးကို အနေတော်သာထား၍ မုန့်လုပ်ပါ ။
အိုး ပူလာလျှင် မုန့်နှစ်ကို ထမင်းခပ်ဇွန်းကြီး ၁ ဇွန်းခွဲခန့် ထည့်ပါ။မုန့်နှစ်ထဲ့ ပြီးလျှင် ပဲပြုတ် ၊ နံနံပင် နှင့် ကြက်သွန်မြိတ်ကို ဖြူး ထည့်ပါ ။ ပြီးလျင် ဒယ်အိုးကို အိုးအဖုံး အပေါ် အုပ်ပြီး ၂ မိနစ်ခန့် ထားပါ။
ဒယ်အိုးကို မကြာခဏ ဆီသုတ်တံလေး နှင့် မုန့်မထည့်မည် သုတ်သုတ်ပေးပါ ။ မုန့်နှစ်မကပ်စေရန် နှင့် မုန့်ကို အိုးထဲမှ အလွယ်တကူ ဆည်ယူနိုင်ရန် အတွက် ဖြစ်ပါသည် ။
မုန့်ပြစ်သလက်ကို နှမ်းဆားထောင်း ၊ ဆီနှင့် ဆားတို့နှင့် တွဲရ်ျ စားလေ့ ရှိပါသည်။ ***အင်မတန်မှ လွယ်ကူပြီး အိမ်တွင်လုပ်လျှင် ဆီသန့်သန့်နှင့် စားရပါတယ် ။
MyFood Myanmar