မုန့်ဆမ်းကိုတော့ မြန်မာလူအများစုက ရင်းနှီးပြီးသားဖြစ်မှာပါ။ ငယ်စဉ်အချိန်က ဘေးအိမ်မှ ဦးရှင်ကြီးတင်ပြီး စွန့်တော့မှ စောင့်ပြီးစားရတာကို မှတ်မိကြမှာပါ။ အခုအချိန်မှာတော့ စားချင်စိတ်ဖြစ်လာပြီဆိုရင် စောင့်နေစရာမလိုတော့ပါဘူး။ အခုပဲချက်နည်းလေးကို ဖော်ပြပေးမှာဖြစ်လို့ စားချင်တဲ့အချိန် ချက်ချင်းထပြီး ပြုလုပ်စားသုံးနိုင်မှာပါ။
ပါဝင်ပစ္စည်းများ
- မုန့်ဆမ်းခြောက်
- သကြား
- ဆားအနည်းငယ်
- အုန်းသီး
ပြုလုပ်နည်း
- မုန့်ဆမ်းခြောက်ကို စပါးစေ့တွေ အမှိုက်တွေ ဖယ်ရှားပြီး ရေနွေးနဲ့ဆေးပြီး ရေစစ်ကာ ဇလုံတစ်ခုထဲထည့်ပြီး အဝတ်ပါးစလေးနဲ့ အုပ်ထားပါ။
- နာရီဝက်လောက်ဆို မုန့်ဆမ်းများ ပွလာပါလိမ့်မယ်။ အုန်းသီးကို ခြစ်ထားပါ။
- သကြားနဲ့ ဆားအနည်းငယ်ထည့်နယ်ပြီး အုန်းသီးခြစ်ထားတာနဲ့ တွဲဖက်စားနိုင်ပါပြီ။
Credit: Thida Lay Lay