အချိုပွဲ အတွက် ကောင်ညှင်းငချိတ်နှင့် ပြုလုပ်ထားတဲ့ သာခွေယိုင်လေး လုပ်စားကြရအောင်။ လုပ်ရတာလွယ်ကူမြန်ဆန်ပြီး စားလို့အလွန်ကာင်းကာ အလှူမင်္ဂလာပွဲများဖြစ်ဖြစ်၊ အိမ်မှာပဲ သရေစာအနေနဲ့ဖြစ်ဖြစ် စားသုံးနိုင်မှာပါ။
ပါဝင်ပစ္စည်းများ
- ကောင်ညှင်းငချိတ် – ဆန်ချိန်ခွက် ၂ခွက်
- ကောက်ညှင်းဖြူ – ဆန်ချိန်ခွက် ၁ခွက် (မထည့်လည်း ရပါသည်)
- အုန်းနို့ – ၄၀၀ မီလီလီတာ
- သကြား (သို့) ထန်လျက် – အနည်းငယ်
- ဆား – အနည်းငယ်
- နို့စိမ်း – ၁ဗူး
- ဆား – အနည်းငယ်
ပြင်ဆင်ပြုလုပ်နည်း
- ကောက်ညှင်းဆန်တွေကို သပ်သပ်စီ ရေစင်စင် ဆေးပါ ။ ပြီးလျှင် ရေ ၄နာရီခန့် စိမ်ပါ ။ သပ်သပ်စီ ချက်ပြီး အအေးခံပါ ။ ပေါင်းလိုက်လျှင်လည်း ရပါသည် ။
- အိုးထဲကို အုန်းနို့ရည် ၊ သကြား ၊ ဆား ထည့်ပြီး မီးအေးအေးဖြင့် သကြားတွေ ပျော်သွားသည်အထိ တည်ပါ ။ တစ်ဝက်ကို ပန်းကန်သန့်သန့်ဖြင့် ခပ်ထည့်ပါ ။
- ကျန်နေသော အုန်းနို့ရည်ထဲသို့ ကောက်ညှင်းငချိတ် ထည့်မွှေပါ ။ ကောက်ညှင်းဖြူ ထည့်မွှေပါ ။ ဆန်စေ့ မကွဲတကွဲ အနေအထားဆို ရပါပြီ ။
- စားမယ့်ပန်းကန်ထဲ လိုသလောက်ခပ်ထည့်ပြီး အုန်းနို့ရည် ၊ နို့စိမ်း အနည်းငယ် ဆမ်းပါ ။ အချို ကြိုက်လျှင် သကြား အနည်းငယ် ထပ်ဖြူ းပါ ။ ကောက်ညှင်းငချိတ်နံ့မွှေးမွှေးလေးနှင့် သာခွေယိုင် ရပါပြီ။
Credit: KaeKae’s Food Palace