အချိုပွဲ အတွက် ကောင်ညှင်းငချိတ်နှင့် ပြုလုပ်ထားတဲ့ သာခွေယိုင်လေး လုပ်စားကြရအောင်။ လုပ်ရတာလွယ်ကူမြန်ဆန်ပြီး စားလို့အလွန်ကာင်းကာ အလှူမင်္ဂလာပွဲများဖြစ်ဖြစ်၊ အိမ်မှာပဲ သရေစာအနေနဲ့ဖြစ်ဖြစ် စားသုံးနိုင်မှာပါ။

ပါဝင်ပစ္စည်းများ

  • ကောင်ညှင်းငချိတ် – ဆန်ချိန်ခွက် ၂ခွက်
  • ကောက်ညှင်းဖြူ – ဆန်ချိန်ခွက် ၁ခွက် (မထည့်လည်း ရပါသည်)
  • အုန်းနို့  – ၄၀၀ မီလီလီတာ
  • သကြား (သို့) ထန်လျက် – အနည်းငယ်
  • ဆား – အနည်းငယ်
  • နို့ စိမ်း – ၁ဗူး
  • ဆား – အနည်းငယ်

ပြင်ဆင်ပြုလုပ်နည်း

  1. ကောက်ညှင်းဆန်တွေကို သပ်သပ်စီ ရေစင်စင် ဆေးပါ ။ ပြီးလျှင် ရေ ၄နာရီခန့် စိမ်ပါ ။ သပ်သပ်စီ ချက်ပြီး အအေးခံပါ ။ ပေါင်းလိုက်လျှင်လည်း ရပါသည် ။
  2. အိုးထဲကို အုန်းနို့ရည် ၊ သကြား ၊ ဆား ထည့်ပြီး မီးအေးအေးဖြင့် သကြားတွေ ပျော်သွားသည်အထိ တည်ပါ ။ တစ်ဝက်ကို ပန်းကန်သန့်သန့်ဖြင့် ခပ်ထည့်ပါ ။
  3. ကျန်နေသော အုန်းနို့ ရည်ထဲသို့  ကောက်ညှင်းငချိတ် ထည့်မွှေပါ ။ ကောက်ညှင်းဖြူ ထည့်မွှေပါ ။ ဆန်စေ့ မကွဲတကွဲ အနေအထားဆို ရပါပြီ ။
  4. စားမယ့်ပန်းကန်ထဲ လိုသလောက်ခပ်ထည့်ပြီး အုန်းနို့ ရည် ၊ နို့စိမ်း အနည်းငယ် ဆမ်းပါ ။ အချို ကြိုက်လျှင် သကြား အနည်းငယ် ထပ်ဖြူးပါ ။ ကောက်ညှင်းငချိတ်နံ့ မွှေးမွှေးလေးနှင့် သာခွေယိုင် ရပါပြီ။

Credit: KaeKae’s Food Palace