ပါဝင်ပစ္စည်းများ
- ဆန်မှုန့် – ၁၅၀ ဂရမ် (၁၀ကျပ်သား)
- Tempura Flour – ၇၅ ဂရမ် (၅ ကျပ်သား)
- ပဲစိမ်းမှုန့် – ၁ စားပွဲတင်ဇွန်း
- စား ဆော်ဒါ – ၂ ငြုပ်ကောင်းစေ့ခန့်
- ကြက်ဥ – တစ်လုံး
- ဆား – အနည်းငယ်
- အချိုမှုန့် (စားတတ်ရင်) အနည်းငယ်
- ပဲပြုတ်
- ငုံးဥ
- ကြက်သွန်မြိတ်
- နံနံပင်
- ပဲစေ့ဆီ (သို့) နေကြာဆီ
ပြင်ဆင်ပြုလုပ်နည်း
- ဆန်မှုန့် ၁၅၀ ဂရမ် (၁၀ကျပ်သား) ၊Tempura Flour ၇၅ ဂရမ် (၅ ကျပ်သား) ၊ ပဲစိမ်းမှုန့် ၁ စားပွဲတင်ဇွန်း ၊ စားဆော်ဒါ ၊ ကြက်ဥ၊ ဆား အနည်းငယ် ၊ အချိုမှုန့်(စားတတ်ရင်) အနည်းငယ်တို့ကို ရောပြီး ရေကျဲကျဲလေး ဖျော်ပြီး တစ်နာရီလောက် ထားလိုက်ပါ ။
- ပြီးရင် ပဲပြုတ် ၊ ငုံးဥ ၊ ကြက်သွန်မြိတ် ၊ နံနံပင်ပါးပါးလှီး( မုန်ရည်ထဲ တစ်ခါတည်းရောထားလိုက်ပါ )တို့နဲ့ စားချင်တဲ့အချိန် စိတ်တိုင်းကျ လုပ်စားလို့ ရပါပြီ ။
- မုန့်ရည်ကျဲကျဲကို ဆီများများလေးနဲ့ လုပ်မှ ပိုစားကောင်းတာမို့ ပဲစေ့ဆီ နေကြာဆီလေးတွေ သုံးရင် ကျန်းမာရေးတွက် ပိုကောင်းပါတယ်ရှင် ။ မုန့်ရည် ပိုရင် နောက်ရက် လုပ်စားရအောင် ရေခဲသေတ္တာထဲ သိမ်းထားလို့ရပါတယ်။
Credit: ThiThi DoneDone